ကုလသမဂ္ဂဆိုင်ရာလုပ်ငန်းများအတွက် မြန်မာနိုင်ငံက Bank of America မှာ အပ်နှံထားတဲ့ ဒေါ်လာ ၂.၆ သန်း နဲ့ ပတ်သက်လို့ VOA အယ်ဒီတာဟောင်း ဦးသန်းလွင်ထွန်း က အများပြည်သူ သိရှိအောင် ဖော်ထုတ်ရေးသားပြဆိုခဲ့သည်။ ပြည်သူများကြားမှာ CRPH, NUG funriser တွေရဲ့ ငွေကြေးအလွဲသုံးစားမှုတွေကိုသာ ထောက်ပြပြောဆိုကြပြီး ဦးကျော်မိုးထွန်း အလွဲသုံးစားလုပ်ထားတဲ့ကိစ္စကို မသိကြတဲ့အတွက် သူက ဖော်ထုတ်ရေးသားခဲ့ခြင်း ဖြစ်သည်။
ဦးသန်းလွင်ထွန်း က ထောက်ပြရေးသားလိုက်တဲ့အချိန်မှာတော့ ပြည်ဖျက်မီဒီယာတွေကနေ ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းပြီး NUG အကြမ်းဖက်အုပ်စုကပဲ ကုလသမဂ္ဂကို နှစ်စဉ်ရန်ပုံငွေအတွက် ပေးသွင်းနေသယောင် ဖန်တီးရေးသား ဖော်ပြလာကြသည်။
ယနေ့ (၁၀-၂-၂၀၂၆) ရက်နေ့မှာတော့ ဦးသန်းလွင်ထွန်း က "ကုလမြန်မာသံရုံးငွေဒေါ်လာ ၂.၆ သန်းကိစ္စ" ကို ဆက်လက်ပြီး ရေးသားပြောဆိုရာမှာ "ဦးကျော်မိုးထွန်းက ၂၀၂၁ နောက်ပိုင်း ပထမနှစ် ဒေါ်လာ ၃ သိန်းကို ကုလသံရုံးရံပုံငွေထဲက(သူထုတ်ပြီး)သွင်းတယ်။ နောက် ၂နှစ်ကို ( ၃ သိန်း ၂ကြိမ်) NUG ကပေးတယ်လို့ဆိုတယ်။ ကုလကထုတ်ပြန်တဲ့စာရင်းတွေမှာတော့ ၂၀၂၁ နောက်ပိုင်း တနှစ်မှအပြည့်သွင်းထားတာမတွေ့ရပါဘူး။ အဲဒီတော့ သူထုတ်ယူပိုင်ခွင့်ရှိတဲ့ သံရုံးရံပုံငွေတွေထဲက ၃ သိန်းကို အမှန်တကယ်ပေးခဲ့တယ်ဘဲထား (၂.၆ - ဝ.၃ =၂.၃ သန်း) ဘယ်ရောက်နေလဲ စာရင်းပြဘို့လိုပါတယ်။ ပိုပြီးထူးဆန်းတာက ဒီငွေတွေရှိပါလျက်နဲ့ NUG က (ပြည်သူအလှူတွေထဲကဆိုပြီး) ၃ သိန်းစီ ၂ကြိမ် (ဒေါ်လာ ၆ သိန်း) ကို"ဘာ့ကြောင့်"ဦးကျော်မိုးထွန်ဆီ ပို့ပေးပြီးသွင်းခိုင်းရတာလဲ။ ဒီငွေတွေရှိနေသေးတာ NUG ကို ဦးကျော်မိုးထွန်းက အသိမပေးခဲ့တဲ့သဘောလား။ ဦးကျော်မိုးထွန်းရော NUG ပါရှင်းပြဘို့လိုနေပါပြီ။ ရှင်းသွားရင် "သိထိုက်သူတွေ"ကိုယ်စား ဝမ်းသာပါတယ်" ဟု ပြောဆိုထားသည်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများကြားတွင် အလှူငွေ အလွဲသုံးစားလုပ်မှုများကြောင့် အချင်းချင်း အားမနာပ ဝေဖန်ထိုးနှက် တိုက်ခိုက်မှုများဖြင့် ရန်ပွဲများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ဖူးသည်။
Myanmar National Post

No comments:
Post a Comment