မြောက်ဥက္ကလာပမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်မှုမြေဌားဂရန် လျှောက်ထားခြင်း မရှိသော မြေကွက်များနှင့် ဂရမ်ရရှိပြီး လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသော မြေကွက်များ ကွင်းဆင်းစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်မှုမြေဌားဂရန် လျှောက်ထားခြင်း မရှိသော မြေကွက်များနှင့် ဂရမ်ရရှိပြီး လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသော မြေကွက်များ ကွင်းဆင်းစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်






 မြောက်ဥက္ကလာပ၊ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌  စက်မှုဇုန်အတွင်းရှိ စက်မှုမြေဌားဂရန် လျှောက်ထားခြင်း မရှိသော မြေကွက်များနှင့် ဂရမ်ရရှိပြီး လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသော မြေကွက်များ ကွင်းဆင်းစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်သက်ခိုင်က အမှာစကားပြောကြားရာတွင်  စက်မှုဇုန်များအတွင်းရှိ စက်မှုမြေဌားဂရန် လျှောက်ထားခြင်း မရှိသော  မြေကွက်များနှင့် ဂရမ်ရရှိပြီး လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသော မြေကွက်များ ကွင်းဆင်းစိစစ်နိုင်ရေး ကော်မတီများဖွဲ့စည်းထားရှိမှု၊  လုပ်ငန်းအမျိုးအစားများအလိုက် ဂရမ်ထုတ်ပေးထားရှိမှုနှင့်  ဂရမ်မြေရရှိပြီး လုပ်ငန်းများ ဆောင်ရွက်မှု မရှိသည့် နေရာများ စိစစ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။ 

ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ စက်မှုဇုန်များရှိ တာဝန်ရှိသူများက စက်ရုံများ လည်ပတ်နေမှု၊ စက်ရုံများပိတ်ထားမှု အခြေအနေ၊ မြေယာ အကွက်ချထားပြီး လုပ်ငန်းများ ဆောင်ရွက်မှု မရှိသည့် အခြေအနေများ စသည့်တို့ကို တင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မရမ်းကုန်း ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ မရမ်းကုန်းခရိုင်စက်မှုကြီးကြပ်ရေးမှ ဒေါ်လှလှဝင်း၊ မရမ်းကုန်းခရိုင်မြေစာရင်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးမွန်းနောင်ဇင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းလွင်၊ မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူ၊ မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ထောက် မန်နေဂျာ ဦးရဲနန္ဒမောင်၊ မြောက်ဥက္ကလာပစက်မှုဇုန်မှ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ရွှေပေါက်ကံစက်မှုဇုန်မှ ဥက္ကဋ္ဌ ဦးနေလင်းထိုက် နှင့်အဖွဲ့ဝင်များ၊ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းတင့်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကျော် စုစုပေါင်းအင်အား (၃၁)ဦး တက်ရောက်ခဲ့ကြ‌ ကြောင်းသိရသည်။


သက်လွင်စိုး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)