မတ် - ၁၃ ( သောကြာနေ့ )
ယူကရိန်းမှာ စစ်ပွဲက နောက်နှစ်ပေါင်းများစွာကြအောင် ဆက်ပြီးဖြစ်စရာရှိတဲ့အတွက် ရွေးကောက်ပွဲကို ဆက်ပြီး ရပ်ဆိုင်းထားဖို့လိုကြောင်း သမ္မတဇီလန်စကီးက သူ့ရဲ့ အကြံပေးတွေကို အမိန့်ပေးထားတယ်လို့ ဒေသတွင်း သတင်းစာတစ်စောင်က အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဇီလန်စကီး နဲ့ လက်ရှိ ယူကရိန်းပါလီမန် ရဲ့ သက်တမ်းက ကုန်းဆုံးသွားသည်မှာ ကြာပြီဖြစ်ပေမဲ့ ဇီလန်စကီးက ရုရှားနှင့် ပဋိပက္ခကြားတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကိုးကားပြီး ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက ရွေးကောက်ပွဲကျင်းပရန် ငြင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲမလုပ်ဘဲ တိုင်းပြည်အာဏာကို ရယူထာတဲ့ ယူကရိန်းအစိုးရအနေနဲ့ တရားဝင်မှု ရှိ၊ မရှိက နိုင်ငံတကာကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံတကာနဲ့ သဘောတူညီချက်တစ်ရပ်ကို ရယူနိုင်ဖို့ နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့တွေက မသေချာဘူးဖြစ်နေပါတယ်။
ဥရောပထောက်ခံသူများက ယူကရိန်းကို စစ်ဘတ်ဂျက်သာမက ၎င်း၏ စီးပွားရေးတစ်ခုလုံးမှာ သုံးစွဲမယ့် “ဘဏ္ဍာရေးက ကပ်ဆိုး” နဲ့ ရင်ဆိုင်ရနေပေမဲ့ ယူကရိန်းကို နောက်ထပ်နှစ်နှစ်ကြာ တိုက်ပွဲဆက်လက်ဆင်နွှဲ စေလိုနေတယ်လို့ သတင်းစာက မနေ့က ဖော်ပြခဲ့ပါတယ်။
"ဥရောပတိုက်သားတွေက 'နောက်တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် တိုက်ပွဲဝင်ကြ၊ ငါတို့က မင်းကို ပိုက်ဆံပေးမယ်ဆိုပြီး ပြောနေကြတယ်။ သူတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ၊ ဇီလန်စကီး က ယူကရိန်းမှာ နှစ်အတော်ကြာမှ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ရေးဆွဲဖို့လုပ်နေပါတယ်" လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ဇီလန်စကီးရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment