မတ် - ၂၅ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ကြည်းတပ်၏ ၈၂ လေကြောင်းချီတပ်မမှ ထိပ်တန်းတပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်ကို အီရန်နိုင်ငံ နဲ့ အနီးစပ်ဆုံး နေရာတွေမှာ တပ်စွဲဖို့ အမိန့်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်အရာရှိများရဲ့ အပြောကို ဝါရှင်တန်ပို့စ် နဲ့ နယူးယောက်ခ်တိုင်းမ် သတင်း ဌာနတို့က ဖော်ပြခဲ့ပါတယ်။
အဆိုပါအဖွဲ့များက ၁၈ နာရီအတွင်း လေယာဉ်ကွင်းများကို သိမ်းပိုက်ခြင်း၊ သံရုံးများ တိုးချဲ့ခြင်းနှင့် ရွှေ့ပြောင်းခြင်းများ အပါအဝင် မစ်ရှင်များအတွက် တပ်ဖြန့်ရန် လေ့ကျင့်ထားတဲ့ ချက်ခြင်းတုံ့ပြန်ရေးတပ်ဖွဲ့၏ ပင်မအစိတ်အပိုင်းဖြစ်သော တပ်မဟာ ၁ တိုက်ခိုက်ရေးအဖွဲ့တွေပဲ ဖြစ်ပါတယ်။
နောက်ထပ် မရိန်းတပ်သား ၂,၅၀၀ ကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ပို့လွှတ်ရန်အတွက် စီစဉ်ထားပြီး မီဒီယာများက ခါ့ဂ်ကျွန်းရှိ အီရန်၏ အဓိက ရေနံတင်ပို့သည့် အချက်အချာနေရာကို သိမ်းယူခြင်း အပါအဝင် ဖြစ်နိုင်ချေရှိသော မြေပြင်စစ်ဆင်ရေးကို အားဖြည့်ရန် လုပ်နေပါတယ်။
တီဟီရန်၏ အကြီးတန်းစစ်အကြံပေး အလီအက္ကဘာ အာမန်ဒီယံကတော့ အီရန်စစ်တပ်က ကိုယ့်ထက်အင်အားကြီးတဲ့ စစ်တပ်တွေကို တိုက်ခိုက်ဖို့ နှစ်ပေါင်းများစွာလေ့ကျင့်ထားပြီး ကြောင်းနဲ့ အမေရိကန်စစ်သားတွေ အီရန်နားကို ကပ်လာနိုင်ရင်ကပ်လာခဲ့ပါလို့ စိန်ခေါ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နှင့် ငြိမ်းချမ်းရေး အဆိုပြုချက် ၁၅ ချက် ရေးသားထားပြီး စစ်ဆက်မဖြစ်အောင် တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ သတင်းများ ထွက်ပေါ်နေပေမဲ့ တီဟီရန်က ဝါရှင်တန်နှင့် နောက်ကြောင်းပြန် ဆွေးနွေးမှုများကို မပြုလုပ်နိုင်ဘူးလို့ ဆိုထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment