အမေရိကန် - အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် - အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများ


မတ် -၂၅ ( ဗုဒ္ဓဟူးနေ့ )

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အနိုင်ရထားပြီးသား”ဖြစ်နေတာကြောင့် အီရန် နဲ့ သံတမန်ရေးအရ ဆွေးနွေးမှုများလုပ်ဖို့အတွက် အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား စစ်ရေးအရတိုက်ခိုက်မှုများလုပ်ဖို့ကို ငါးရက်ကြာ ရွှေ့ဆိုင်းရတာပါ လို့ ဆိုလိုက်ပါတယ်။ 


ထရမ့်၏ ၁၅ ချက်ပါ အဆိုပြုချက်တွင် အီရန်နိုင်ငံအနေနဲ့ ၎င်းရဲ့နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ဖျက်သိမ်းရန်၊ ၎င်း၏ ဒေသတွင်း proxy ကွန်ရက်ကို စွန့်လွှတ်ကာ ဟောမုဇ်ရေလက်ကြားကို ပိတ်မထားဘဲ ပင်လယ်ရေကြောင်းဖြတ်သန်းရန် တောင်းဆိုထားကြောင်းပါတယ်လို့ အစ္စရေးရဲ့ Channel 12 က ဖော်ပြခဲ့ပါတယ်။  အပြန်အလှန်အားဖြင့်၊ အီရန်ဘက်က နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ အပြည့်အဝ ရုတ်သိမ်းရေး၊ ၎င်းရဲ့အရပ်ဖက်နျူကလီးယား အစီအစဉ်အတွက် အကူအညီရရှိနိုင်ရေး နဲ့ ရုတ်တရက်နောက်ပြန် ပိတ်ဆို့မှု ယန္တရားကို ဖယ်ရှားခြင်းတို့ကို အပြည့်အဝ လက်ခံရရှိမယ်လို့ ဆိုထားပါတယ်။ 


“ဗုံးတွေ နဲ့  ညှိနှိုင်းနေပါတယ်” လို့ အမေရိကန် စစ်ဝန်ကြီး ပီတီဟဂ်ဆက်သ် က လူမသိသူမသိ ဆွေးနွေးပွဲများ တွင် ပင်တဂွန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ 

အီရန်ပါလီမန်ဥက္ကဋ္ဌက အမေရိကန်ဘက်က ပြောဆိုချက်များက သတင်းအတုများဖြစ်ပြီး ဘဏ္ဍာရေးနှင့် ရေနံဈေးကွက်များကို ကြိုးကိုင်ရန်အတွက် အခုလိုမျိုး သတင်းတုတွေကို အသုံးပြုနေကြောင်း စွပ်စွဲထားပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ရေနံဈေးက ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ 


ဆီဒွန် မြို့အနီးရှိ လက်ဘနွန်မြို့တွေဖြစ်တဲ့ အက်ဒ်လိုယန်နဲ့ မီအက်မီအက် ဒုက္ခသည်စခန်းတို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

 

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း (IMO)ထံ စာတစ်စောင် ပေးပို့ထားပြီး “ရန်စပြုသူများနှင့် ဆက်စပ်မှုရှိနေလို့ အီရန်ရဲ့မွေးရာပါ မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင်၊ ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ နဲ့ အဆောက်အအုံများကို ပစ်မှတ်ထားကာ ရန်လိုသူများ နဲ့ ၎င်းတို့ရဲ့ထောက်ခံသူများက ဟောမုဇ်ရေလက်ကြားကို အသုံးချခြင်းမှ တားဆီးရန် လိုအပ်သော အချိုးကျ အစီအမံများ ပြုလုပ်ခဲ့တာပါ လို့ ဆိုပါတယ်။ အမေရိကန် သို့မဟုတ် အစ္စရေးနှင့် မသက်ဆိုင်သော ရေယာဉ်များအတွက် ရေကြောင်းသွားလာမှုကို ဆက်လက်လုပ်ဆောင်ခွင့်ပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အီရတ်ရှိ အစ္စလာမ္မစ် တော်လှန်ရေးတပ်ဖွဲ့များက ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် အမေရိကန် ဗစ်ထရီစခန်းမှ ရဟတ်ယာဉ်များနှင့် ရေဒါစနစ်များကို ဒရုန်း နဲ့ တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒိဗီဒီယိုကို  အတားအဆီးမဲ့ ပျံသန်းနေတဲ့ အခြားဒရုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။


ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်နေချိန်မှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာဖြစ်လို့ နောက်တစ်ကြိမ် အရူးလုပ်မခံနိုင်တော့ဘူးလို့ အီရန်အရာရှိတွေက ပြောလာပါပြီ။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်ဝင်စားတယ်ဆိုပေမဲ့ အမေရိကန်တွေပြောတဲ့ အပစ်ရပ်ရေးဆိုတာကို မယုံနိုင်တော့ကြောင်းကိုလည်း ပြောလာပါပြီ။ 

ဒီကနေ့ မနက်ပိုင်းမှာ အီရန်က အကြိမ် ၈၀ မြောက် ဒရုန်း လှိုင်းတစ်လှိုင်းကို ပစ်လွှတ်လိုက်ပြီးနောက် ကူဝိတ်နိုင်ငံတကာလေဆိပ် က ဆီလှောင်ကန်တစ်ခုထိ သွားသလို ၊ အီရတ်က အမေရိကန်ကောင်စစ်ဝန်ရုံးကိုလည်း ထိသွားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)