ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည်

 


ပခုက္ကူ   ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရား စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲတော်များကို မတ်လ ၂၇ ရက်မှ ဧပြီလ ၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။“ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲများအနေဖြင့် မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ဘုရားကြီးမြောက်ဖက်မုဒ်ဦးရှေ့တွင် အောင်ပွဲအထိမ်းအမှတ်ဖွင့်ပွဲကိုလည်းကောင်း၊ မတ်လ ၂၇ ရက် ညနေပိုင်းတွင် ဆည်းဆာတရားပွဲတော်ကိုလည်းကောင်း၊ မတ်လလ ၂၈ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းကာကွယ်သောအားဖြင့် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲကိုလည်းကောင်း၊ သီဟိုဠ်ရှင်ကဇာတ်ရုံတွင် မတ် ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ မန္တလေးအားမာန်သစ်ဇာတ်အဖွဲ့နှင့် ဧပြီလ ၅ ရက်မှ ၇ ရက်နေ့အထိ မန္တလေးကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့ဖြင့် ဇာတ်အလှသဘင်ဖျော်ဖြေရေး အစီအစဉ်များကိုလည်းကောင်း၊ ဧပြီလ ၁ ရက်နေ့နံနက်ပိုင်းတွင် ဘုရားအနေကဇာတင်ဗုဒ္ဓပူဇနိယပွဲတော်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ၊ ရေစက်ချတရားပွဲနှင့် စတုဒီယာကျွေးမွေးခြင်း၊ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် ပင့်သံဃာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်လောင်းလှူပွဲကိုလည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတော်ကာလများအတွင်း ဈေးဆိုင်ခန်းပေါင်း(၃၀၀)ခန့်ဖြင့် အညာဒေသထွက်စားသောက် ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်ဒီဇိုင်းမျိုးစုံ၊ ကလေးကစားစရာပစ္စည်းမျိုးစုံ၊ တောင်သူလယ်သမားသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်များနှင့် မုန့်ဆိုင်တန်းများပါဝင်သော ရပ်နီးရပ်ဝေးမှဈေးသည်များနှင့် ဒေသခံဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အပြင် မိဘပြည်သူများ စိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစားစရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများ စီစဉ်ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း” ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှစတင်ပြီး ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့် ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းစသည်ဖြင့် အပိုင်း(၃)ပိုင်းခွဲကာ လုပ်ငန်းများအရည်အသွေးပြည့်မီ ကောင်းမွန်စေရေးနှင့် ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် ပခုက္ကူမြို့ရှိ ထေရ်ကြီးဝါကြီးဆရာတော်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများစုပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင်  ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)