ကျောက်ဆည် ၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ဦးကျော်မင်းဦး (ခ) ဖိုးဆယ် ပိုင်ဆိုင်သည့် နှစ်ထပ်နေအိမ်တွင် ဆိုလာဖြင့်ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးကျော်မင်းဦး(ခ)ဖိုးဆယ်၏ လူနေအိမ်အပြင် ဘေးပတ်ဝန်းကျင်ရှိ ဒေါ်စန္ဒာခိုင်၏ နှစ်ထပ် လူနေအိမ်တစ်လုံး၊ ဦးဝင်းနိုင်၏ မြေစိုက်နေအိမ်တစ်လုံး စုစုပေါင်းလူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ကျောက်ဆည်မြို့မစခန်းမှူးဒုရဲမှူးဝင်းနိုင်နှင့်တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် သန္ဓေ၊ အရန် တပ်ဖွဲ့ဝင်(၂၅)ဦးတို့က ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment