မြင်းခြံ ၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ၁၃ ရပ်ကွက်မှမီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းအချိန်တွင် မီးလောင်မှုကြောင့် နေအိမ်များပျက်စီးသွားသည့် အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၇) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၉၄၅၀၀၀) ကျပ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment