ဓနုဖြူ ၊ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဂတ်စ်အရောင်းဆိုင်များ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၉)ရပ်ကွက်ရှိ ဦးကျော် ဂတ်စ်နှင့် ဂတ်စ်မီးဖိုအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်မဖြစ်ပွား မပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများအား အသိပညာပေးဟောပြောပြီး၊ မီးသတ်ဆေးဘူးထားရှိမှုများနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိအား စမ်းသပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment