တန့်ယန်း မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပသည်။
အဆိုပါ ဝေဠုဝန်လမ်းဖွင့်ပွဲတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးကျော်မျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းက လမ်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြကာ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်က ရပ်ကွက်ပြည်သူများ၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်း၊ မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေတို့က အဆိုပါလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းတလျှောက် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment