ရန်ကုန်၊ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံခရိုင် ၊ မင်္ဂလာဒုံမြို့နယ် ၊ ကြံခင်းစုရပ်ကွက်၊ ရတနာလမ်းရှိ ပညာတံခွန် ကျောင်းတိုက်ဆရာတော်ကြီးအား ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ မဟာသဒ္ဓမ္မဇောတိကတဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရာ ၇ ရက်သားသမီး တပည့်ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့မှ ယနေ့ နေ့လယ်ပိုင်းက ဂုဏ်ပြုကြိုဆိုရေးယာဉ်တန်းဖြင့် ကြိုဆိုခဲ့ကြသည်။
ထိုသို့ကြိုဆိုရာတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ နိုင်ငံတော်မှ မဟာသဒ္ဓမ္မဇောတိကတဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသော မင်္ဂလာဒုံမြို့နယ် ပညာတံခွန် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ တေဇိန္ဒအားကြိုဆို ရေးယာဉ်တန်းဖြင့် လမ်းတစ်လျှောက် ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဂုဏ်ပြု မော် တော်ယာဉ်များဖြင့် တပည့်ဒါယိကာ ၊ ဒါယိ ကာမများ လိုက်ပါ၍ ဥက္ကာလမ်း-လေဆိပ်လမ်းအတိုင်း ၊ ကြံခင်းစုဘောလုံးကွင်းမှမြတောင်ညိုရဲရိပ်သာလမ်းအတိုင်းမှ လေဆိပ်ရေစင်လမ်း ထိုမှတဆင့်ပညာတံခွန်ဘုန်းတော်ကြီးကျောင်းသို့ ပင့် ဆောင်ခဲ့ကြရာ လမ်းဘေးဝဲယာတစ်လျှောက် ကြည်ညှိပူဇော်သူများဖြင့် စည်းကားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ မဟာသဒ္ဓမ္မဇောတိကတဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခံရသော ပညာတံခွန် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ တေဇိန္ဒ အား ၇ ရက်သားသမီး တပည့်ဒါယိကာ ၊ ဒါယိကာမ အပေါင်းတို့မှ န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျောင်းတိုက်အတွင်း ၇ ရက်သားသမီးများအား မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#News #MNP









No comments:
Post a Comment