မတ်- ၃ ( အင်္ဂါနေ့ )
အီရန်နိုင်ငံကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ ဆန္ဒသဘောထားတွေကို လက်မခံဘူး လို့ ထရမ့်က ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်ကို တိုက်ခိုက်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံသားအများစုက သဘောမတူဘူးဆိုတဲ့ စစ်တမ်းများကို ပယ်ချခဲ့ပါတယ်။
CNN သတင်းဌာနရဲ့ စစ်တမ်းတစ်ခုအရ အမေရိကန် နိုင်ငံသား ၆၀% သည် စနေနေ့က အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအား မထောက်ခံကြောင်း နဲ့ အမေရိကန် လေးဦးတွင် တစ်ဦးသာ တိုက်ခိုက်မှုကို ထောက်ခံကြောင်း သိရပါတယ်။
"စစ်တမ်းတွေလုပ်တာက အရမ်းကောင်းတယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ ဆန္ဒသဘောထားတွေ ကို ကျနော် ဂရုမစိုက်ဘူး။ မှန်တာကို လုပ်ရမယ်။ ဒါကို လုပ်သင့်တာကြာပြီ" လို့ ထရမ့် က မနေ့က New York Post သတင်းဌာနနဲ့ အင်တာဗျူးတွင် ပြောကြားလိုက်ပါတယ်။
"ကြည့်စမ်းပါ ကျနော်ကို ထောက်ခံတဲ့ မဲနည်းသည်ဖြစ်စေ များသည်သည်ဖြစ်စေ ဆန္ဒသဘောထားကောက်ခံတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒိဆန္ဒသဘောထားတွေနဲ့ ကျနော့်ကို မေးခွန်းထုတ်လို့မရဘူး။ အရူးတွေ အုပ်ချုပ်နေတဲ့ အီရန်နိုင်ငံကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပြုနိုင်ဘူး" လို့ သူက ပြောပြီးတော့ မှန်ကန်တဲ့ စစ်တမ်းတွေကသာ အမေရိကန်တွေ ကျနော့်ရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ပြသမှာပါ လို့လည်း ဆိုလိုက်ပါတယ်။
အမြင့်ဆုံးဒေါသ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ အဲ့ဒိတိုက်ခိုက်မှုက အီရန်ရဲ့ နျူကလီးယား နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ဖျက်သိမ်းရန် လိုအပ်တယ်လို့ သမ္မတက စောဒကတက်ခဲ့ပါတယ်။ သာမာန် အီရန်နိုင်ငံသားများကို ၎င်းတို့၏ အစိုးရကို ဖြုတ်ချရန်လည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်က ဒီမိုကရက်တစ်ပါတီဝင်များနှင့် ရီပတ်ဘလီကန်ပါတီဝင်အချို့က အဆိုပါ တိုက်ခိုက်မှုများကို အန္တရာယ်ရှိပြီး တရားမျှတမှုမရှိဟု ရှုတ်ချထားပါတယ်။ အောက်လွှတ်တော် ထိပ်တန်း ဒီမိုကရက်တစ် ဟာကင် ဂျက်ဖရီ က “သမ္မတ ထရမ့်ကတော့ အရှေ့အလယ်ပိုင်းတွင် နောက်ထပ် အဆုံးမဲ့စစ်ပွဲတစ်ခုကို စတင်လိုက်ပြီ” လို့ စွပ်စွဲခဲ့ပါတယ်။
ထရမ့်ရဲ့ ပါတီဖြစ်တဲ့ ရီပတ်ဘလင် ကန်တက်စကီ လွှတ်တော်အမတ် သောမတ် မက်ဆီက “ထရမ့်က သူ့ရဲ့ မဲဆွယ်စည်ရုံးစဉ်က ပြောခဲ့တဲ့ အမေရိကန်တွေကိုသာ ဦးစားပေးရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လက်ရှိဖြစ်နေတဲ့ စစ်ပွဲက လုံးဝ ဆန့်ကျင်နေပါတယ်။ ပြောစကားနဲ့ မညီဘူး” လို့ ပြောသွားပါတယ်။
REF: RT
#News

No comments:
Post a Comment