မတ် - ၃ ( အင်္ဂါနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက လက်ရှိလုပ်နေတဲ့ ရာဇဝတ်မှုဆန်ဆန် စစ်ဆင်ရေးတွေကို ပြောင်းလဲ ပစ်လိုက်မှ တတိယကမ္ဘာစစ်မဖြစ်အောင် တားထားလို့ ရမယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက် က သတိပေးခဲ့ပါတယ်။
မနေ့က TASS သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတွင် ယခု ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မက်ဗီဒက်အား သတင်းဌာနက တတိယကမ္ဘာစစ် စပြီးလားလို့ မေးမြန်းခဲ့ပါတယ်။
"နည်းပညာသဘောအရ ပြောရမယ်ဆိုရင် မစသေးပါဘူး။ ဒါပေမဲ့ ထရမ့်က သူရဲ့ ရူးသွပ်တဲ့ ရာဇဝတ်မှုပုံစံကို ဆက်လက် လုပ်ဆောင်ပါက၊ တတိယကမ္ဘာစစ်က စဖို့ရာ သေချာသွားပါပြီ။ တတိယကမ္ဘာစစ်ဖြစ်ဖို့ဆိုတာက ဘယ်လိုအကြောင်းမျိုးမဆိုကနေ ဖြစ်လာနိုင်တာပဲလေ” လို့ ပြောပါတယ်။
အီရန်ကို တိုက်ခိုက်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးမှုကို ထိန်းသိမ်းရန် အမေရိကန် နဲ့ ၎င်းရဲ့ မဟာမိတ်များက ကြိုးစားနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
မက်ဗီဒက် ရဲ့ အဆိုအရ ထရမ့်သည် အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ကို လုပ်ကြံသတ်ဖြတ်ခြင်း ဖြင့် "အမေရိကန်နိုင်ငံသားအားလုံးအပေါ်ကို အန္တရာယ်ကျရောက်စေ" တဲ့ "ကြီးမားသောအမှား" တစ်ခုကို လုပ်လိုက်တာပဲ” လို့ ပြောပါတယ်။
ခါမေနီသေဆုံးမှု နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတော့ အီရန်ခေါင်ဆောင်တွေက သူတို့ရဲ့ လုံခြုံရေး အတွက် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားမှရမယ်ဆိုတဲ့ အတွေးတွေ ရှိလာပြီး နျူလက်နက်တွေ ကို ထုတ်လုပ်ဖို့ ကြိုးပမ်းအားထုတ်မှုက သုံးဆတိုးလာဖို့ပဲ ရှိပါတယ်။ ဒါက သံသယဖြစ်ဖွယ် မရှိကြောင်း မက်ဗီဒက် က ပြောကြားခဲ့ပါတယ်။
အီရန်အနေနဲ့ လက်ရှိ ပဋိပက္ခမှာ ၎င်းရဲ့ခေါင်းဆောင်များ သေဆုံးမှုကို ခံနိုင်ရည်ရှိမရှိ မေးမြန်းရာတွင် ပြန်လည်တည်ဆောက်ရေး ကုန်ကျစရိတ်က မြင့်မားပေမဲ့ အီရန် က ကျော်ဖြတ်အောင်မြင်သွားမှာပါ လို့ ပြောပါတယ်။ “ဒါဟာ လူမှုပေါင်းစည်းမှုရဲ့ မြင့်မားတဲ့ အတိုင်းအတာတစ်ခု လိုအပ်တယ်။ ပြီးတော့ အမေရိကန်တွေက သူတို့ကို အဲ့ဒီလိုဖြစ်သွားအောင်ကို စုစည်းပေးလိုက်သလို ဖြစ်သွားပါတယ်” လို့ ဆိုပါတယ်။
အီရန်လိုပဲ တစ်နေ့နေ့မှာ ရုရှား တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ရှိမရှိကို မေးမြန်းရာတွင် မက်ဗီဒက်က “အဲ့လိုမဖြစ်လာပါစေနဲ့ လို့ပဲ ဆုတောင်းရမှာပဲ ကျနော်တို့ဘက်ကတော့ အာမခံချက်ပေးနိုင်ပေမဲ့ အမေရိကန်ဘက် ကတော့ မသေချာပါဘူး။ ဒါပေမဲ့ နျူစစ်ပွဲတစ်ခုဖြစ်လာရင် ဘယ်လောက်ကုန်သွားမယ် ဆိုတာကို အမေရိကန် သိပါတယ်။ သူတို့ ကျနော်တို့ကို ကြောက်ပါတယ်” လို့ ပြောသွားပါတယ်။
REF: RT
#News

No comments:
Post a Comment