ဥရောပမှာ ဂတ်စ်ဈေးက တဟုန်ထိုး တက်သွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပမှာ ဂတ်စ်ဈေးက တဟုန်ထိုး တက်သွားပြီ


မတ် - ၃ ( အင်္ဂါနေ့ ) 

အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုများကြောင့်ကမ္ဘာရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှု ၅ ပုံ ၁ ပုံ စီးဆင်းနေတဲ့ ဟောမုဇ် ရေလက်ကြားက အပိတ်ခံရသလို ဖြစ်သွားတဲ့အတွက်ကြောင့် ဥရောပသဘာဝဓာတ်ငွေ့ဈေးများ သိသိသာသာ မြင့်တက်လာပြီး မနေ့က ကမ္ဘာတစ်ဝှမ်းရှိ ဓာတ်ငွေ့ဈေးကွက်များ လှုပ်ခတ်သွားခဲ့ပါတယ်။ လက်ရှိ တက်သွားတဲ့ပမာဏက ၅၀% ကျော်ရှိတယ်လို့ သိရပါတယ်။ 

ရက်စ်လက်ဖန် ရှိ ကာတာစွမ်းအင် ရဲ့ အဓိက LNG အဆောက်အအုံကို ဒရုန်းဖြင့် တိုက်ခိုက်မှုခံရမှုကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒေသတွင်းမှ စွမ်းအင်စီးဆင်းမှုကို ပိုမိုကန့်သတ်ထားသောကြောင့် ဘရန့် ရေနံဈေးနှုန်းက လပေါင်းများစွာအတွင်း အမြင့်ဆုံးသို့ တက်သွားခြင်းဖြင့် ရေနံစိမ်းဈေးကွက်များလည်း မြင့်တက်လာပါတယ်။ 

ပင်လယ်ကွေ့တစ်ဝှမ်းရှိ အခြားစွမ်းအင်နေရာများကိုလည်း ထိခိုက်မှု သို့မဟုတ် ယာယီပိတ်ထားရပြီး ထုတ်လုပ်သူများသည် ကြိုတင်ကာကွယ်မှုအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအပိုင်းများကို ဆိုင်းငံ့ထားပါတယ်။

ဆော်ဒီအာရေဗျကလည်း ၎င်းရဲ့ ရားစ်တာနူအာ ရေနံချက်စက်ရုံတိုက်ခိုက်ခံလိုက်ရလို့ ထုတ်လုပ်မှုကို ခေတ္တရပ်ထားကြောင်း သိရပါတယ်။ ပိုက်လိုင်း ကနေပိုတဲ့ကိစ္စကို အစားထိုးဖို့ ကိစ္စကိုလည်း ကန့်သတ်ထားသလို အရှေ့အလယ်ပိုင်း တစ်လျှောက် သင်္ဘောလမ်းကြောင်းများ ရပ်တန့်နေရသဖြင့် ကုန်သည်များအနေနဲ့ ထောက်ပံ့ရေးလိုင်းများ ပြတ်တောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ မတည်ငြိမ်မှုက ၂၀၂၂  စွမ်းအင်အကျပ်အတည်းနောက်ပိုင်း ဓာတ်ငွေ့စျေးကွက်အတွက် အဆိုးရွားဆုံး တုန်လှုပ်ချောက်ချားမှုဖြစ်စေနိုင် ကြောင်း လေ့လာသူများက သတိပေးထားပါတယ်။ 

 ဥရောပကတော့ ယူကရိန်း ပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို လျှော့ချလိုက်ခြင်းကြောင့် စွမ်းအင် ကုန်ကျစရိတ်များ ထပ်ခါတလဲလဲ ခုန်တက်သွားခြင်းမျိုးနှင့် ရင်ဆိုင်နေရသလိုမျိုး နောက်ထပ် ရင်ဆိုင်ရမဲ့ ပြဿနာတစ်ခုဖြစ်လာပါပြီ။ အပူပေးရာသီကုန်ဆုံးသော်လည်း သိုလှောင်မှုနေရာများသည် ပုံမှန်ထက် နည်းပါးသွား သဖြင့်၊ လာမည့်ဆောင်းရာသီမတိုင်မီ သိုလှောင်မှု ပြန်လည်တည်ဆောက်ရန်အတွက် နွေရာသီတွင် များပြားလှသော LNG တင်သွင်းမှုများ လိုအပ်ပါတယ်။ 

အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုက ရုရှားရေနံကို မဝယ်တော့လို့ စွမ်းအင်ဈေးနှုန်းတက်နေတဲ့ ဥရောပမှာ အရှေ့အလယ်ပိုင်းမှ စွမ်းအင်တွေကို မရတော့ဘူးဆိုရင် ပိုမိုထိခိုက်စေသွားမှာ ဖြစ်ပါတယ်။ 


REF: RT 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)