မတ် - ၁၂ ( ကြာသပတေးနေ့ )
ဥရောပသမဂ္ဂ ( အီးယူ ) ရဲ့ အကြီးဆုံး ကားထုတ်လုပ်သူ ဗောက်စ်ဝက်ဂွန် (VW) က အမြတ်များ ကျဆင်းခြင်း၊ စွမ်းအင် ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ကုန်သွယ်မှု ဖိအားများ တိုးမြင့်လာခြင်းတို့ကြောင့် ဂျာမနီတွင် အလုပ်အကိုင် ၅၀,၀၀၀ ခန့် လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။
အင်္ဂါနေ့က ၎င်းရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွင် VW က ၂၀၂၅ ခုနှစ်တွင် အသားတင် ၀င်ငွေက တစ်ဝက် လျော့ကျသွားပြီး ယူရို ၆.၉ ဘီလီယံ (ဒေါ်လာ ၈ ဘီလီယံကျော်)ပဲ ဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဒါက ၂၀၁၆ ဒီဇယ်အရှုပ်တော်ပုံနောက်ပိုင်း အနိမ့်ဆုံး ရလဒ်ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှုက ယူရို ၃၂၂ ဘီလီယံအောက်ကို ရောက်သွားပါပြီ။
VW က လာမည့်နှစ်များအတွက် “ကျနော်တို့ရဲ့ ကုန်ကျစရိတ်တွေကို စနစ်တကျ လျှော့ချသွားမှဦပါ” လို့ အမှုဆောင်အရာရှိများက ပြောကြားပြီး ယခင်ကြေညာထားတဲ့ အရေအတွက်ထက် အများကြီးပိုသွားမှာ ဖြစ်ပါတယ်။ စက်ရုံတွေ ပိတ်သိမ်းမှု ရှောင်ရှားဖို့ကတော့ အလုပ်သမားသမဂ္ဂများနှင့် သဘောတူညီချက်ယူရဦးမှာ ဖြစ်ပါတယ်။
"၂၀၂၅ခုနှစ် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ အခွန်အခများနှင့် ပြင်းထန်သောပြိုင်ဆိုင်မှုများကြောင့်ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ အတွင် အလုပ်အကိုင် ၅ သောင်းလောက်ကို ဖြတ်တောက်ရမှာပါ။ နောက်ပြီး ကုန်ကျစရိတ် လျှော့ချရေး အစီအမံတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ VW ရဲ့ ဘဏ္ဍာရေး အရာရှိချုပ် အာနိုးအန်လစ်ဇ် က ပြောသွားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment