ပုဇွန်တောင်၊ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ အမှတ်(၃၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကိုကိုဝင်းနှင့်တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းတွင် အမျိုးသား ကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ချက်များနှင့်အညီ ယာဉ်အမှတ် များ စုံ/မ ခွဲပြီးရက်အလိုက် မောင်းနှင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ၁၂ ရက်နေ့သည် စုံ ရက်ဖြစ်သည့် အတွက် မောင်းနှင်လာသော မ ကားများအား အသိပညာပေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို သည့်ကာလအတွင်း ကျောင်းသားမိဘကားများအား စာမေးပွဲပြီးဆုံးသည့်အထိ ဖြေလျော့ထား သည့်အခြေအနေနှင့်ကုမ္ပဏီကားများအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီထောက်ခံချက်ဖြင့် သွားလာ ခြင်းမျိုးမပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများထံသို့ တင်ပြ ပြီး ထောက်ခံချက်ဖြင့်သွားလာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိသည်။
ဟန်စုယဉ်
#News #MNP



No comments:
Post a Comment