မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း


ချမ်းအေးသာစံ၊ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး  ခန်းမတွင်ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ  ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊နည်းဥပဒေ၊ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရည်မှန်းချက်များပြည့်မီအောင် စည်းကမ်းတကျ ဆောင်ရွက်သွားရေး၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးမသမာမှုများမရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်နေ သည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ နှင့် Onlineဖြင့် တက်ရောက်ကြ သည့် ခရိုင်/ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များက  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်ကဏ္ဍများ အလိုက်ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။


ချမ်းမြေ့မောင်(ချမ်း/စံ)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)