မတ် - ၂၃ ( တနင်္လာနေ့ )
ရေနံစိမ်းဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တွေမှာ မဖြစ်မနေသုံးနေရတာဖြစ်လို့ ဈေးတက်သွားတာက ကားသမားတွေဆီဖြည့်နေတဲ့ ပန့်တစ်ခုတည်းမှာ အခက်အခဲဖြစ်သွားတာမဟုတ်ပါဘူး။ အဝတ်အထည်၊ အလှကုန်၊ ဆေးဝါးတွေနဲ့ နေ့စဉ်အိမ်သုံးပစ္စည်းများအထိပါ အခက်အခဲဖြစ်သွားစေတာပါ။
ရေနံစိမ်းကို လောင်စာ စွမ်းအင်တစ်ခုတည်းသုံးနေတာမဟုတ်ပါဘူး။ နေ့စဉ်လူတွေသုံးနေတဲ့ ထောင်နဲ့ချီတဲ့ ထုတ်ကုန်များတွင် တိတ်တဆိတ် ထည့်သွင်းထားတဲ့ ခေတ်မီကုန်ထုတ်လုပ်မှုရဲ့အဓိကကုန်ကြမ်းဖြစ်နေပါတယ်။
ဝေါ်စထရိဂျာနယ် မှ မကြာသေးမီကလုပ်ခဲ့တဲ့ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုမှာ နေ့စဉ်စားသုံးမှုမှတစ်ဆင့် ရေနံမည်မျှ နက်နဲစွာ လည်ပတ်သည်ကို မီးမောင်းထိုးပြထားပါတယ်။ အဝတ်အထည်တွေမှာပါတဲ့ ဓာတုအမျှင်များ ကနေ ရေချိုးခန်းသုံး ဓာတုပစ္စည်းများအထိ၊ ရေနံသည် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးပွားရေးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ပီကေ၊ သွားတိုက်ဆေး၊ အနံ့ဆိုးပျောက်ဆေးများ၊ ရေမွှေးများနဲ့ အလှကုန်များတွင် ဓာတုဖယောင်း နဲ့ ဂလစ်စရင်း ကရတဲ့ ရနံ့ဓာတုပစ္စည်းများအထိ အဆီအခြေခံဒြပ်ပေါင်းများမှာ ရေနံ ကို အသုံးပြုထားပါတယ်။
အဝတ်အထည်ထုတ်လုပ်မှုမှာ ပိုလီစတာ၊ နိုင်လွန် နဲ့ ဆိုးဆေး အခရိုင်လစ် လို ပစ္စည်းများက ရေနံထွက် ဓာတုဗေဒပစ္စည်းများမှ ဆင်းသက်လာတာဖြစ်ပါတယ်။ ထုပ်ပိုးမှု၊ အရုပ်များ၊ အိမ်သုံးပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်များကလည်း ရေနံထွက်ပစ္စည်းတွေပါပဲ။ ပလတ်စတစ် ထုတ်ကုန်တွေလို ပစ္စည်းတွေမှာ ရေနံပါဝင်မှု များပေမဲ့ ခေါင်းလျှော်ရည်လို ထုတ်ကုန်တွေမှာလည်း ရေနံပါဝင်မှု အနည်းငယ်ရှိပါတယ်။
အချို့သော ဆေးဝါးထုတ်လုပ်မှုတွေက ရေနံအခြေခံ ဓာတုသွင်းအားစုများပေါ်တွင်မူတည်နေလို့ ရေနံက ကျန်းမာရေး စောင့်ရှောက်မှု ပေးဝေရေး ကွင်းဆက်တွေမှာ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေပါတယ်။ 'ပုန်းကွယ်နေတဲ့ ရေနံစီးပွားရေး' က ပထဝီနိုင်ငံရေးဆိုင်ရာ ဖိစီးမှုကာလများအတွင်း ပိုမိုပြတ်သားစွာ ပေါ်ထွက်လာပါတယ်။ ရေနံစိမ်းစျေးနှုန်းများ မြင့်တက်ခြင်းက ရေနံဓာတုဗေဒ ကုန်ကျစရိတ်အဖြစ်သို့ သက်ရောက်စေပြီး၊ နောက်ပိုင်းမှာ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းတက်လာဖို့ဖြစ်လာတော့တာပါပဲ။ အဲ့ဒါက ထင်ထားတာထက် ပိုမြန်နိုင်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရေနံဓာတုပစ္စည်းထောက်ပံ့ရေးကွင်းဆက်များကို ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ်မျှသာ သိုလှောင်ပြီး လုပ်ငန်းလည်ပတ်နေကြလို့ပါပဲ။ တကယ်လို့ အမေရိကန် - အီရန် စစ်က ကြာသွားနိုင်တယ်ဆိုရင် ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်မှုကို ကြုံကို ကြုံရတော့မှာပါ။
ရေနံသည် စက်မှုလုပ်ငန်းမျိုးစုံတွင် အခြေခံသွင်းအားစုဖြစ်သောကြောင့်၊ ရေနံစျေးနှုန်းများမြင့်လာကာ ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာကာ စီးပွားရေးလုပ်ငန်းများရဲ့ အနားသတ်များကို ညှစ်ထုတ်လိုက်သလိုဖြစ်ပြီး နောက်ဆုံးတွင် စားသုံးသူများက အဲ့ဒိတက်သွားတဲ့ ဈေးနှုန်းကို ပေးဆောင်ရတော့မှာပါ။
အဲ့ဒိနောက်မှာတော့ လူသုံးကုန်ပစ္စည်းတွေက ဈေးတက်နေပါတယ်ဆိုတဲ့ လောင်စာဆီထက် ကျော်လွန်ပြီး ငွေကြေးဖောင်းပွမှုကို ကျယ်ပြန့်စေကာ အဝတ်အထည်၊ တစ်ကိုယ်ရေ စောင့်ရှောက်မှု နဲ့ ပစ္စည်းထုပ်ပိုးရေး ကုန်ပစ္စည်းများဈေးတက်လာစေပါတယ်။ နေ့စဉ်စားသုံးမှုအတွက် ပိုမိုမြင်သာတဲ့ နယ်ပယ်တွေမှာ ဈေးနှုန်းကြီးမြင့်မှုတွေကို တွေ့လာရတော့မှာပဲ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးတစ်ခုတည်းအတွက် ရုပ်ကြွင်းလောင်စာဆီသုံးစွဲမှုကို တားဆီးနိုင်ဖို့ လျှပ်စစ်ကားတွေကို ချဲ့ထွင်သုံးလို့ ရတယ်လို့ ခန့်မှန်းထားပေမဲ့ အဲ့ဒိလျှပ်စစ်ကားတွေထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ ရေနံအခြေခံပစ္စည်းတွေ ဈေးနှုန်းတက်လာခြင်းကိုတော့ တားဆီးလို့ မရနိုင်ပါဘူး။
အဓိကအချက်ကတော့ ရေနံစိမ်းစျေးနှုန်းများ နဲ့ ရောင်းလိုအား နှောင့်ယှက်မှု လမ်းကြောင်းတွေက အထွေထွေဈေးနှုန်း တက်သွားခြင်း ရဲ့ အခြေခံ ဖြစ်သွားတာပါပဲ။
ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ ဆက်လက်ရှိနေပါက သို့မဟုတ် ထောက်ပံ့ရေးလမ်းကြောင်းများ ကန့်သတ်ခံနေရပါက ရေနံဓာတုကုန်ကျစရိတ် ဆက်လက်မြင့်မားနေမှာဖြစ်ပြီး လာမယ့်လများအတွင်း လူသုံးကုန်ပစ္စည်းများတစ်လျှောက် ကျယ်ပြန့်သောစျေးနှုန်းဖိအားများ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို အများပြည်သူတွေ ရဲ့လက်ထဲကို အမြန်ဆုံးလွှဲပြောင်း လိုက်မှာပါပဲ ။ သူတို့က မြန်နိုင်သလောက်မြန်အောင် ကုန်ကျစရိတ်တွေကို ပြည်သူတွေကို ခံခိုင်းလေ ငွေကြေးဖောင်းပွမှုက မြန်မြန်ဖြစ်လာလေပါပဲ ။
REF: money control
#News #MNP
No comments:
Post a Comment