နေပြည်တော်၊ မတ် ၂၅
ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့အနေဖြင့် လေယာဉ်ဆီအခက်အခဲကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation)ဖြစ်သော လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် နိုင်ငံတော်သည် လေကြောင်းလိုင်းများမှ လိုအပ်သည့်လေယာဉ်ဆီများကို ဝယ်ယူရရှိရေး စီစဉ် ဆောင်ရွက်ပေးထားပြီးဖြစ်ပါသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ကာ ယခင်ပျံသန်းပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များ အတိုင်း အပြည့်အဝပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ပျံသန်းမည့်ခရီးစဉ်များတွင် မဖြစ်မနေပျံသန်းပြေးဆွဲရန် လိုအပ်သည့် ပူတာအိုမြို့၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များသို့ ပထမဦးစားပေးအနေဖြင့် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment