မတ် - ၂၄ ( အင်္ဂါနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အရာရှိတွေနဲ့ ဆွေးနွေးမှုလုပ်တာ အခြေအနေကောင်းပြီး တိုးတက်မှု ရှိတယ်လို့ ပြောခဲ့ပေမဲ့ အီရန်ဘက်က ဘယ်အမေရိကန်တွေနဲ့မှ ဆွေးနွေးမှုမရှိကြောင်း ကို သက်သေပြတဲ့ အနေနဲ့ အစ္စရေး ကို လက်ရှိစစ်ပွဲအတွင်းမှာ ပစ်လွှတ်တဲ့ ၇၇ ကြိမ်မြှောက် ဒုံးလှိုင်း တစ်လှိုင်းကို ပစ်ပြခဲ့ပါတယ်။
အစ္စရေးနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်က နာရီပေါင်း တော်တော်ကြာအောင် တားဆီးခဲ့ပေမဲ့ အချို့က ကျိုးပေါက်ပြီး မြေပြင်ပေါ်ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။ အစ္စရေးနိုင်ငံမြို့တော်ဟောင်း တဲလ်အဗစ်အပါအဝင် ဒေသတော်တော်များများကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အီရန်ပါလီမန်ပြောခွင့်ရ မိုဟာမက်ဘာကာကေလီဖက် ကတော့ ထရမ့်နဲ့ ညှိနှိုင်းရေး လုပ်နေတယ်ဆိုတာ သတင်းမှားတွေပါလို့ ပြောသွားပါတယ်။ လက်ရှိတက်နေတဲ့ ရေနံစိမ်းဈေးကို ရှောင်လွဲချင်တာနဲ့ အမေရိကန် နဲ့ အစ္စရေး က သတင်းမှားတွေထုတ်ပြီး လှည့်ဖျားနေတာပါလို့ ဆိုလိုက်ပါတယ်။ ထရမ့်ရဲ့ မှတ်ချက်စကားက စိတ်ပညာအမှောင်ဘက်ခြမ်း တိုက်ကွက်တစ်ခုလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အီရန်က အစ္စရေးကို ဒုံးနဲ့တိုက်ခိုက်မှု အသစ်တွေကို လုပ်လိုက်လို့ ကမ္ဘာ့ရေနံစိမ်းဈေးက တစ်စည် ဒေါ်လာ ၁၀၀ ကနေ ၁၀၄ ဒေါ်လာကို ပြန်တက်သွားပါတယ်။ အမေရိကန်မှာကတော့ တစ်စည် ကို ၉၁ ဒေါ်လာ ကျော်ကျော်လေးနဲ့ ရနေပါတယ်။
REF: The Nation
#MNP #News



No comments:
Post a Comment