နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်







နေပြည်တော်၊ မတ် ၈

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်သော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဂျိုင်း(ဇာသပြင်) တံတားအသစ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အတ္တရံတံတားအသစ် ဖွင့်ပွဲအခမ်းအနား များသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ကရင်ပြည်နယ်နှင့် အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ၊ ဂျိုင်း(ဇာသပြင်)တံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တို့က မင်္ဂလာအချိန်တွင် ဂျိုင်း(ဇာသပြင်) တံတားအသစ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဂျိုင်း(ဇာသပြင်)တံတားအသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

၎င်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် က တံတားတည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသည့် အင်ဂျင်နီယာ အဖွဲ့များအား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ် ထံသို့ ဂျိုင်း(ဇာသပြင်)တံတားအသစ် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ် ဖြိုးသန့် နှင့် ဦးမျိုးမြင့်တို့က အတ္ထရံတံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အတ္ထရံ တံတားအသစ် ကမ္ဗည်း မော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ၎င်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ အတ္ထရံတံတားအသစ် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ဂါရဝပြုပေးအပ်သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ အရှည်မှာ ၂၆၁၅ ပေ၊ ယာဉ်သွားလမ်း အကျယ်လေးလမ်းသွား၊ ရေလမ်းကင်းလွတ် အကျယ် ၇၅၀ ပေနှင့် အမြင့် ၄၀ ပေ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်း၊ အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံတား ဖြစ်ပြီး တံတား၏အရှည်မှာ ၁၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်း ကင်းလွတ်အကျယ် ၄၀၀ ပေ၊ အမြင့် ၄၀ ပေရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း။

အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း /ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ယင်းတံတားများကို အသုံးပြု၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်သို့ လည်း ကုန်စည်စီးဆင်းမှုများပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်သကဲ့သို့ အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်း နိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြားကာ ဌာနအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)