ထားဝယ်၊ မတ် ၈
“တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ၂၀၂၆ခုနှစ်၊ မတ်လ(၈)ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏အခွင့်အရေးများ၊စွမ်းဆောင်နိုင်ရည်များနှင့် လူသား အကျိုးပြု မှုများကို အသိအမှတ်ပြုသောအနေဖြင့်ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသည့် အမျိုးသမီးများကို ဂုဏ်ပြုသောအား ဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း မတ်လ(၈)ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့”အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုသော အနေဖြင့် နှစ်စဉ် မတ်လ(၈)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် နိုင်ငံတကာတွင်အခမ်း အနားများကျင်းပသည့်နည်းတူမြန်မာနိုင်ငံတွင်လည်းအမျိုးသမီးများ၏အရေးပါသော အခန်းကဏ္ဍထင်ဟပ်ပေါ်လွင် စေရန်နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပသလို တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း ယခုလို အခမ်း အနားများ ကျင်းပရခြင်းဖြစ်ကြောင်း၊ကမ္ဘာတစ်ဝှမ်းရှိအမျိုးသမီးများနှင့် မိန်းကလေးငယ်များ အားလုံးဘေးကင်းစွာနေထိုင်နိုင်စေ ရေး၊ တန်းတူညီမျှစွာရပ်တည်နိုင်စေရေးနှင့် ဥပဒေအရာတွင်တန်းတူညီမျှရှိစေရေးတို့အတွက်သက်ဆိုင်ရာနိုင်ငံအစိုးရ များနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အမျိုးသမီးများနှင့်မိန်းကလေးငယ်များ အတွက် တရားမျှတမှုရရှိ ရေး နှင့်အမျိုးသမီးအခွင့်အရေးများအတွက်ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန်ယခုနှစ်ဆောင်ပုဒ်က တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင်အဓိကအင်အားစုကြီးတစ်ခုဖြစ်ပြီး ကဏ္ဍစုံ၌အမျိုးသားများနှင့် တန်းတူပါဝင် ဆောင်ရွက်နေကြသောမြန်မာအမျိုးသမီးများအားလုံးကိုဂုဏ်ယူပါကြောင်းနှင့်ယနေ့ကာလတွင်လည်း ကမ္ဘာ့တစ်ဝှမ်း တွေ့ကြုံနေရသည့်စိန်ခေါ်မှုများ၊အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီး များ၏စွမ်းပကားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်၍ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသမီးရေးရာ ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နှင့်တက်ရောက်လာကြသူများ က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Clip အားလည်းကောင်း၊ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဆောင်ရွက်မှုမှတ်တမ်း ဗွီဒီယိုအား လည်းကောင်း၊ ထားဝယ်မူလတန်းကြိုကျောင်းမှသားငယ်/သမီးငယ်များ၏ Top of the world တေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ်
#News #MNP
No comments:
Post a Comment