ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်၊ ချောင်းဝအခြေခံပညာမူလတန်းကျောင်း (၁၀၀ပေ × ၃၀ပေ) RC(၂)ထပ် ကျောင်းဆောင် (တိုးချဲ့ဆောင်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်၊ ချောင်းဝအခြေခံပညာမူလတန်းကျောင်း (၁၀၀ပေ × ၃၀ပေ) RC(၂)ထပ် ကျောင်းဆောင် (တိုးချဲ့ဆောင်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်









ပုသိမ်၊ မတ် ၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်၊ ချောင်းဝအခြေခံပညာမူလတန်းကျောင်း (၁၀၀ပေ × ၃၀ပေ) RC(၂)ထပ် ကျောင်းဆောင်(တိုးချဲ့ဆောင်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ချောင်းဝအခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးအား ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာသို့ သွားရောက်၍ ဂုံမင်းကွင်း ရေကျနောက်စိုက်ဧကများတွင် ဒုတိယသီးနှံ သီးထပ်စပါးစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ရေကျနောက်စိုက်ဧကများတွင် တစ်နှစ် နှစ်သီး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း များကို အချိန်မီဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ရေကြီးရေလျှံမှုများလျော့နည်းစေရေးအတွက်  ဆည်မြောင်းများကို နှစ်အလိုက် တိုးချဲ့တူးဖော်ပေးလျှက်ရှိပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိသောကြောင့် နှစ်အလိုက်စိုက် သီးထပ်စိုက်ဧကများတိုးတက်လာပါကြောင်း၊ ဆည်မြောင်းတာဘောင်များ၊ မြေလွတ်နေရာများပါမကျန် သီးနှံများ၊  သီးပင်စားပင်များစိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများတွင် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားခဲ့ပြီး ဒေသခံများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ရေကျနောက်စိုက်ဧကများတွင် တစ်နှစ် နှစ်သီး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆည်မြောင်းတာဘောင်များ၊ မြေလွတ်နေရာများပါမကျန် သီးနှံများ၊  သီးပင်စားပင်များစိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများတွင် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်မှတူးဖော်ပေးထားသည့် ဆည်မြောင်းများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)