ပေါင်မြို့နယ်၌ ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်ကို လမ်း‌လျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်ကို လမ်း‌လျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်




ပေါင်၊ မတ်  ၃၁

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ မွန်ပြည်နယ် ပေါင်မြို့နယ်၌လည်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကိုအ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ယနေ့မွန်းလွဲ(၂)နာရီက  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးထင်လင်း‌အောင် နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၏ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် နှစ်စဉ်ကျင်းပလာသည့် အတာသင်္ကြန်ပွဲများ ထက် ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲအား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပေါင်မြို့နယ် (ဗဟို) သင်္ကြန်မဏ္ဍပ်အား ပေါင်မြို့နယ် ဇင်းကျိုက်ကန်ကြီးကျင်းပပြုလုပ်သည့်နေရာတွင် ဖျော် ဖြေရေး မဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များအား ပူးတွဲပြီးတည်ဆောက်လျက်ရှိကြောင်း၊ အလားတူ အဆိုပါကန်ကြီးလမ်းတွင် လမ်းလျှောက်သင်္ကြန်အား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စတုဒိသာမဏ္ဍပ်များအား နှစ်စဉ်ကဲ့သို့ ဆောင်ရွက်မှာဖြစ်ပြီး ယခုနှစ်တွင် အဆိုပါ မဏ္ဍပ်ပြင်ဆင်မှုများကို မြန်မာ့ရိုးရာအတာသင်္ကြန်၏ ပုံရိပ်နှင့်အညီ တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ထို့အပြင် ပေါင်မြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအနေဖြင့် လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားသောမဏ္ဍပ်များအား ကန်ကြီးလမ်းတွင် တစ်စုတစ်စည်းတည်းကျင်းပရာ  လျှပ်စစ်မီးအသုံးပြု၍ စက်သုံးဆီသုံးစွဲရေးအား အနည်းဆုံး ချွေတာနိုင်ရေးစီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း၊  ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားလေးနက်စွာ၊ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရးအတွက် စီစဉ်ဆောင်ရွက်ထားသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများအား စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


မွန်မလေး 

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)