ကော့သောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်






ကော့သောင်း၊ မတ် ၃၁

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈ခု၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အများပြည်သူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ ဇီဝိတငါးလွတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ (ဗဟို)သင်္ကြန်မဏ္ဍပ်ကို ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာပန်းခြံရှေ့တွင် ထားရှိမည်ဖြစ်ကြောင်း၊ လမ်းလျှောက် သင်္ကြန်ကို ဘုရင့်နောင်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်တွင်  ဆောင်ရွက်သွားမည်ဖြစ်ပြီး ရပ်ကွက်များတွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို တည်ဆောက်ပြီး စတုဒိသာမဏ္ဍပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်တွင် အများပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ သရုပ်ပျက်ယဉ်ကျေးမှု မပါရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များဖြင့် ပြိုင်ပွဲ ကျင်းပ ဆောင်ရွက်နိုင်ရေး ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး‌ ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)