စလင်းမြို့နယ်တွင်၂၀၂၆ခုနှစ်နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင်၂၀၂၆ခုနှစ်နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ



စလင်း  ၊ မတ် ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံ လေလုံ အားကစားခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က နွေရာသီသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ကျောင်းသူလူငယ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စလင်းမြို့နယ် ပညာရေးမှူး ဦးဇော်နိုင်က စိတ်ဓာတ်၊စည်းကမ်း၊ပညာခေါင်းစဥ်ဖြင့်  လူငယ်များသိရှိအောင် ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းအား ယနေ့မတ်လ ၃ရက်နေ့မှ မတ်လ၃၀ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမဆောင်တွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ အင်္ဂလိပ်စာ၊အရေးအပြောသင်တန်း၊မတ်လ ၃ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ယဥ်ကျေးလိမ္မာသင်တန်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာဆရာများကျောင်းသား၊ကျောင်းသူသင်တန်းသား(၂၀၀)ဦးသင်တန်းဆရာမ (၆) ဦးနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကာ၊ နွေရာသီအားကစားသင်တန်းများအဖြစ်၊ စားပွဲတင်တင်းနစ်၊ပိုက်ကျော်ခြင်း၊ ဘောလုံး၊ကြက်ခြေနီ၊ဘောလီဘော၊အေရိုးဗစ်၊ကြက်တောင်၊စစ်တုရင်၊ဂီတ၊အက၊လက်ဝှေ့သင်တန်းများကို ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်သည်၊

ကွန်ပျုတာသင်တန်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီး အားကစာသင်တန်းများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအား ကစားခန်းမတွင် သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)