ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း


 ,

Uploading: 2601984 of 2699413 bytes uploaded.

ဘားအံ ၊  မတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၆ ဖြင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော် ကြီးများနှင့်သီလရှင်ဆရာကြီးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို တပေါင်းလပြည့် မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ခေမာရာမကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဓမ္မပီယစာသင်တိုက်ဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ က သမ္ဓောဒနိယဩဝါဒကထာမြွတ်ကြား ချီးမြှင့်၍ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရစ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည် ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက အထူးပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်ဝန်ကြီးချုပ်က မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ရ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မပီယစာသင်တိုက်ဆရာတော်ဘဒ္ဒန္တခေမိဿရာလင်္ကာရအားလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ရ ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ လောကအတုလမာရ်အောင်တောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောဘိတ အား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပါလအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက ဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ရ ဘားအံမြို့နယ်၊ သံလှယ် စံပြကျေးရွာ၊ ရာမညနိကာယစာသင်တိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အားလည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီးက သဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ရ ဘားအံမြို့နယ်၊ ကော့လမုကျေးရွာ၊ ကော့လမုကမ်းနားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအားလည်းကောင်း၊လူမှုရေးရာဝန်ကြီးက သဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ရ လှိုင်းဘွဲမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊ အထက်ပိုင်ကျုံကျောင်းသစ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝေပုလ္လအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကမ္မဋ္ဌာနစရိယဘွဲ့တော်ရ မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်၊ ထေရဝါဒဗောဓိရိပ်သာ ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မဒဿီအားလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှူကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က ဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ရ ဘားအံမြို့၊ တောင်ကလေးကျေးရွာ၊ တောင်ကလေးပရိယတ္တိကျောင်း သီလရှင်ဆရာကြီး ဒေါ်ဉာဏသိင်္ဂီအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်း ကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့်သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)