ရပ်စောက်၊ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ရာ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၉၀)ဦးအား သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်။
အလားတူ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ရာ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၄၅၆)ဦးအား သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
#News #MNP






No comments:
Post a Comment