မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်



မကွေး ၊  မတ် ၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာတွင် အောင်မြင်မှုရရှိစေရန်အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှုကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး စသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နွေရာသီ အခြေခံအားကစားသင်တန်းတွင် သင်ကြားမည့်အားကစားနည်းများမှ ကရာတေး၊ ဝူရှူး၊ ရိုးရာခြင်းသက်ဆိုင်ရာ အားကစားနည်းများအလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေများနှင့် သင်တန်းသားများအား သင်တန်းဝတ်စုံများနှင့် သင်ထောက်ကူအားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့် အားကစားနည်းများကို သင်တန်းနည်းပြများက စနစ်တကျလေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)