မတ် - ၁၂ ( ကြာသပတေးနေ့ )
လက်ရှိဖြစ်နေတဲ့ အီရန် - အမေရိကန်နဲ့ အစ္စရေး စစ်ပွဲထဲကို ဩစတေးလျှစစ်သားတွေ နဲ့ စစ်လက်နက် ပစ္စည်းတွေ ကို ထည့်သွင်း အကူအညီပေးနေတဲ့ ဩစတေးလျှ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစ်အား အတိုက်အခံ အစိမ်းရောင်ပါတီ ကိုယ်စားလှယ် မက်ခ်ကင် က ပယ်ပယ်နယ်နယ် ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ဩစတေးလျှက အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကို ထောက်လှမ်းရေးလေယာဉ်များ၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ နဲ့ သိုလှောင်ထားရှိမှု နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၈၅ ဦးကို ဖြန့်ကျက်ချထားကြောင်းနဲ့ အီရန်နိုင်ငံရဲ့ ရန်စတိုက်ခိုက်မှုမဟုတ်ပေမဲ့ အခြားအခြားသော အကြောင်းကြောင့် ဒုံးကျည်တွေ ကျရောက်လာခဲ့ရင် ကာကွယ်ရန်အတွက် ပို့ထားကြောင်း ဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး မက်ခ်ကင်က “တကယ့်စစ်ဘေးကပ်ဆိုးထဲကို ဝန်ကြီးချုပ်က ဩစတေးလျှကို ထည့်သွင်းလိုက်တာပါ။ အီရန်ကို တိုက်ခိုက်ဖို့မဟုတ်ဘူးလို့ ပြောတဲ့စကားတွေက ပြည်သူတွေကို လှည့်စားနေတာပါ။ ထရမ့်နဲ့ နေတန်ယာဟုတို့ရဲ့ တရားမဝင်စစ်ကို ကမ္ဘာပေါ်က ဘယ်အစိုးရမဆိုထက် ကျနော်တို့နိုင်ငံက လေဘာပါတီအစိုးရ ပထမဆုံး မျက်နှာလို မျက်နှာရ နဲ့ ထောက်ခံအားပေးလိုက်တာပါပဲ။ အဲ့ဒါကြီးက တော်တော်ရှက်ဖို့ကောင်းပါတယ်။ ထရမ့်နဲ့ နေတန်ယာဟုတို့က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ဝန်ကြီးချုပ် အယ်လ်ဘန်နီစ် ကလည်း သူ့ကိုယ်သူ နိုင်ငံတကာ စင်မြင့်ပေါ်မှာ နေရာရအောင် လွန်လွန်ကဲကဲ လိုက်လံချီးမွမ်းသလို၊ ထောက်ခံနေသလို ဖြစ်နေတာကို မြင်ရလို့ ရှက်မိတာပါ” လို့ ဝေဖန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံသို့ အမေရိကန်နှင့် အစ္စရေးတို့ရဲ့ ပထမဆုံး ဒုံးကျည်များ ကျရောက်ပြီး နာရီပိုင်းအကြာမှာ ဝန်ကြီးအယ်လ်ဘေးနီစ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်က တိုက်ခိုက်မှုအတွက် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ “နျူကလီးယားလက်နက် မရရှိအောင် အီရန်ကို တားဆီးဖို့လုပ်တာက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အီရန်က ဆက်ပြီး ခြိမ်းခြောက်လို့မရအောင် အမေရိကန်က လုပ်ဆောင်တာကို ထောက်ခံပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး “ဩစတြေးလျသည် ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရကို တွန်းလှန်ရာတွင် အီရန်က ရဲရင့်သောပြည်သူများနဲ့အတူ ရပ်တည်နေပါတယ်” လို့တောင် ဖော်ပြခဲ့ပါတယ်။
အဲ့ဒိနေ့က တိုက်ခိုက်မှုမှာ အီရန်က အမျိုးသမီးမူလတန်းကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခံလိုက်ရပြီး ကလေးငယ်အများစုပါတဲ့ လူပေါင်း၁၇၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ခဲ့ပါတယ်။ ပစ်လိုက်တဲ့ တိုမာဟောက်ခရုဇ်ဒုံးကျည်ကလည်း ကမ္ဘာပေါ်မှာ လူတစ်စုသာ ပိုင်တဲ့ ဒုံးကျည်ပါလို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
“ခင်ဗျားတို့ မရှက်ကြဘူးလား၊ စစ်လိုလားတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ ရက်စက်ကြမ်းကြုပ်မှု လုပ်ရပ်ထဲကို ဩစတေးလျှအား အဆုံးထိထည့်လိုက်တာပါပဲ။ ငါတို့ရဲ့ ဩစတေးလျှက အခုတော့ စစ်ဝါဒီ စိတ်ကူးယဉ်သမားတစ်ယောက်ရဲ့ လက်ထဲကို ရုပ်ပျက်ဆင်းပျက် ရောက်နေပြီ” လို့ လေဘာပါတီဝင်တွေကို ရည်ရွယ်ပြီး ပြောလိုက်ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment