လွိုင်ကော် ၊ မတ် ၁၂
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၀ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်လွှတ်တော်ရုံး တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း အရန်အစီအစဉ်များ ထပ်မံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေး၊ ရုံးလုပ်ငန်းများပြည့်စုံစွာဆောင်ရွက်ပြီးစီးရေး၊ ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိန်းလန်းစိုပြည်မှုရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်း များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား တင်ပြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော် အစည်း အဝေးခန်းမ၊ ရုံးခန်းများ၊ ရေးရာကော်မတီခန်းမနှင့် ကိုယ်စားလှယ်များနားနေခန်းနှင့် တည်းခို ဆောင်တို့ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မတ် ၁၁ ရက် နံနက်ပိုင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် ချိကယ်စာစစ်ဌာန၌ ပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
စာစစ်ဌာနအတွင်း ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရန် စီမံထားရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီမံထားရှိမှုများ၊ စာမေးပွဲဖြေဆိုခန်းများနှင့် ကျောင်းပရိဝုဏ် အတွင်း/အပြင်၌ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း တာဝန်များ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အခက်အခဲမရှိ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ချိကယ် စာစစ်ဌာနတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ (ပထမရက်) မြန်မာဘာသာဖြေဆိုမှုတွင် ကျောင်းသား ကျောင်းသူများ အောင်မြင်စွာ ဝင်ရောက်ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အား Green City၊ Clean City၊ Smart City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် သန့်ရှင်းသာယာစိမ်းလန်းစိုပြည်လှပရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ် သန့်ရှင်းသာယာစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးထားရှိပြီး ဆက်လက်ရှင်သန် ဖြစ်ထွန်းရေးကို သက်ဆိုင်ရာဌာနများမှ စဉ်ဆက်မပြတ် စစ်ဆေးထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ မိမိတို့ပြည်နယ် လှပသာယာစေရေး အားလုံးတွင်တာဝန်ရှိသည့်အတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ကယားပြည်နယ် အတွင်း Green City၊ Clean City၊ Smart City အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက ပြည်နယ်အတွင်း သစ်ပင်များစိုက်ပျိုးထားရှိမှု၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment