ကျိုင်းတုံ၊ မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မတ် ၉ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့သို့စစ်ဆေးရာ စာစစ်ဌာနများ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုးဝေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဝမ်အွယ်)၊ အထက(၂)၊ အထက(၃)၊ အထက(၄)နှင့် အစိုးရနည်းပညာ ထက်တန်းကျောင်း(ကျိုင်းတုံ) စာစစ်ဌာနများအား မီးဘေးလုံခြုံရေး၊ စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ထားရှိမှု၊ အလင်းရောင်ကောင်းစွာရရှိရေး၊ စာဖြေသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကျိုင်းတုံမြို့နယ်၌ ၂၀၂၆ အခြေခံပညာတက္ကသိုလ်ဝင်စာမေးပွဲ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစုစုပေါင်း ၁၂၃၃ ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇင်မြင့်
#News #MNP
No comments:
Post a Comment