တာမွေ၊ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက် များအလိုက် ယာဉ်များမောင်းနှင်မှု ရှိ / မရှိ အသိပညာပေး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် တာမွေလေးရပ်ကွက်၊ အရှေ့ မျဉ်းပြိုင်ကွင်းလမ်း၊ SKY STAR HOTEL ရှေ့၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စုံရက်၊ မရက်များ အလိုက် ယာဉ်များမောင်းနှင်မှု ရှိ / မရှိ အသိပညာပေး စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးပြည့်စုံသည် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အဖွဲ့ဝင် ဦးစိုးဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် တာဝန်ရှိသူတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့နှင့်အတူ ယာဉ်အစီးရေ (၃၆)စီးအား အသိပညာပေး စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း သွားလာမောင်းနှင်နေသည့် ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနှင်အသုံးပြုသွားလာကြရန်နှင့် ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မို့မို့အောင်
#News #MNP



No comments:
Post a Comment