ကြံခင်းမြို့၌ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နှင့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်နှစ်ပါးအား မြို့နယ်အဆင့်ကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့၌ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နှင့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်နှစ်ပါးအား မြို့နယ်အဆင့်ကြိုဆို








ကြံခင်း၊ မတ်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နံကွင်းကျေးရွာနှင့် ကွေ့မတောင်ပုံ ကျေးရွာတို့မှ ဦးစီးပဓန ဆရာတော်ကြီးနှစ်ပါးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ရာ ခုနစ်ရက်သားသမီး တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ယနေ့နံနက်ပိုင်းတွင် ဂုဏ်ပြု ကြိုဆိုရေး ယာဉ်တန်းများဖြင့် ကြိုဆိုကြသည်။

အဆိုပါ ကြိုဆိုပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ခုနှစ်ရက်သားသမီး တပည့်ဒါယကာ၊ ဒါယိကာမများက ကြံခင်းမြို့အဝင် ဖားတစ်ရှဉ်း တံတားမှ ကြိုဆိုပင့်ဆောင်၍ သံလမ်းတစ်လျှောက်မှ ရွှေတောင်စုဖြတ်လမ်း၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်းတို့မှလည်းကောင်း၊ ဘက်ရဲမြို့၊ အုတ်ပုံဂိတ်မှ ကြံခင်းမြို့သို့ပင့်ဆောင်၍ မြို့ရှောင် လမ်းမှ မြို့တွင်းလမ်းတစ်လျှောက်လှည့်လည်အပူဇော်ခံပြီး သက်ဆိုင်ရာကျောင်းတိုက်အသီးသီးသို့ ပင့်ဆောင်ကြသည်။

ထို့နောက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (အကျိုးတော်ဆောင်) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဿရ ပိန္နံကွင်းကျောင်းတိုက် ဆရာတော်ကြီးနှင့်  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) ဘဒ္ဒန္တဝရဉာဏ ကွေ့မတောင်ပုံကျောင်းတိုက်ဆရာတော်ကြီး တို့အား သက်ဆိုင်ရာကျောင်းတိုက်များ၌ တာဝန်ရှိသူများနှင့် ခုနစ်ရက်သားသမီး တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း တို့က နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)