မတ် - ၄ ( ဗုဒ္ဓဟူးနေ့ )
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စတို့ရဲ့ ပူးပေါင်းစစ်ဆင်ရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အလီခါမေနီ ကွယ်လွန်ပြီးနောက် ၎င်းရဲ့ သားဖြစ်သူ မိုဂျတ်ဘာ ခါမေနီကို ထိပ်သီးခေါင်းဆောင်အဖြစ် အီရန် ညီလာခံက ကျွမ်းကျင်သူများ ရွေးချယ်ခဲ့တယ်လို့ အီရန်မီဒီယာများရဲ့ ဖော်ပြချက်ကို ကိုးကားပြီး နိုင်ငံခြားမီဒီယာများက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဟင်ဒူစတန်တိုင်းမ်သတင်းဌာနကတော့ မိုဂျက်ဘာ ကို ရွေးချယ်မှုက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို မျိုးရိုးလိုက်အုပ်ချုပ်မှုကို ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုမြင့်တက်လာနိုင်သလို အီရန်မှာက အဲ့ဒီလို ဆက်ခံမှုတွေက တရားမျှတတယ်လို့ ပုံဖော်နေတာဖြစ်လို့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
အလီခါမေနီ ကိုယ်တိုင်က မနှစ်က သူပြင်ဆင်ခဲ့တဲ့ အလားအလာရှိတဲ့ ဆက်ခံသူစာရင်းမှာ အဲ့ဒီသားရဲ့နာမည်ကို မထည့်ထားဘဲ အီရန်ရှီးယိုက်ဘာသာရေးခေါင်းဆောင် တည်ထောင်မှုအတွင်းမှာ အဖေကနေ သားကို အမွေဆက်ခံခိုင်းတာက အပြုသဘောမဆောင်ဘူးလို့ ပြောထားတာရှိပါတယ်။
REF: The Nation
#News


No comments:
Post a Comment