နောက်တက်မယ့် အီရန်ခေါင်းဆောင်က ပိုဆိုးနေမှာကို ထရမ့် စိုးရိမ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောက်တက်မယ့် အီရန်ခေါင်းဆောင်က ပိုဆိုးနေမှာကို ထရမ့် စိုးရိမ်နေ


မတ် - ၄ ( ဗုဒ္ဓဟူးနေ့ ) 

အီရန် - အမေရိကန်စစ်ပွဲက ၄ ရက်မြောက်သွားပါပြီ ။ အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး နဲ့ ပေါင်းပြီး အီရန်က ခါမေနီအစိုးရပိုင်းရခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ဖြုတ်ချဖို့အတွက် ကြိုးစားနိုင်ခဲ့ပေမဲ့ နောက်တက်လာတဲ့ အစိုးရက ခါမေနီအစိုးရထက်ပိုဆိုးနေမှာကို စိုးရိမ်နေရပါတယ်။ 

မတ်လ ၃ ရက် (အင်္ဂါနေ့) မှာ ထရမ့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲမှာ သတင်းထောက်တွေနဲ့တွေ့ဆုံပြီး စကားပြောရာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ အစီအစဉ်များက မသေချာမရေရာသေးကြောင်း တကယ်လို့ အီရန်က ဆော်ဒီအာရေးဗီးယားအပေါ် လက်တုံ့ပြန်တဲ့ အခြေအနေအထိ ရောက်သွားပြီး ၂နိုင်ငံ စစ်ဖြစ်ရင် ဒေသတွင်း စစ်မီးပြန့်သွားနိုင်ကြောင်း နဲ့ "အဆိုးဆုံးအခြေအနေ" က နောက်တက်လာမယ့် အီရန်အစိုးရက ခါမေနီအစိုးရထက် ပိုဆိုးမှာကိုပဲ စိုးရိမ်ရကြောင်း ပြောသွားပါတယ်။ 

ဝါရှင်တန်ကို အလည်အပတ်ရောက်ရှိနေတဲ့ ဂျာမန်အဓိပတိ ဖရိုင်ဒရစ်မားဇ် နဲ့ အတူတွဲပြီးတော့ သတင်စာရှင်းလင်းပွဲမှာ ထရမ့်က “ခင်ဗျားတို့ ကျော်ဖြတ်ရမယ်၊ ပြီးတာနဲ့ နောက်ထပ် မဆိုးတဲ့သူတွေကို ထည့်ထားမှ ရမယ်” လို့ပြောပါတယ်။ 

အီရန်မှာ သဘောထားပျော့ပျောင်းတဲ့ ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လိုကြောင်း ထရမ့်က ပြောခဲ့ပေမဲ့ အီရန်မှာ ပထမခေါင်းဆောင်ပိုင်းကို ဖြိုချနိုင်ခဲ့ပေမဲ့ ဒုတ်ယခေါင်းဆောင်ပိုင်းတွေက ပြန်လည်တိုက်ခိုက်မှု လုပ်နေပါတယ်။ အဲ့ဒိဒုတိယခေါင်းဆောင်ပိုင်းတွေကိုလည်း ဖြိုချပစ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ "မကြာခင်မှာ အီရန်ခေါင်းဆောင်ပိုင်းကို တတိယလှိုင်းတွေ ဝင်လာတော့မယ်ထင်တယ်" လို့ ဆိုပါတယ်။ 

မနေ့က အစောပိုင်းမှာ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာဖြစ်တဲ့ ထရုသ်ဆိုရှယ်မှာ အမေရိကန်နိုင်ငံအနေနဲ့ စစ်ပွဲကို အကြာကြီးတိုက်နိုင်ကြောင်း နဲ့ အီရန်နိုင်ငံမှာ နျူလက်နက်တွေ မတပ်ဆင်နိုင်အောင်နဲ့ တာဝေးပစ်ဒုံးတွေ မဆင်နိုင်အောင် ကာကွယ်မှုက လုပ်ကိုလုပ်ရမှာပဲ လို့ ရေးတင်ခဲ့ပါတယ်။ ပြီးတော့ အီရန်ရဲ့ “လေကြောင်းရန်ကာကွယ်ရေး၊ လေတပ်၊ ရေတပ်နှင့် ခေါင်းဆောင်မှု” ပြိုလဲသွားပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများ မည်မျှကြာကြာ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကို မသိရသေးပေမဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ တည်ငြိမ်တဲ့ အဆင့်သို့ ပြန်ရောက်သွားမှာဖြစ်ကြောင်း ထရမ့်က ပြော လိုက်ပါတယ်။ "အခုကျနော်တို့ ရေနံဈေးက နည်းနည်း မြင့်နေတာကို ကြုံနေရပေမဲ့ ဒီစစ်ပွဲ ပြီးတာနဲ့ အဲဒီဈေးတွေ အရင်ကထက် လျော့ကျသွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" လို့ ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 


REF: The Nation

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)