မိုးညိုမြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်မြတ်အား ကြိုဆိုပင့်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်မြတ်အား ကြိုဆိုပင့်ဆောင်




မိုးညို  ၊ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မိကပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ(သာသနဓဇဓမ္မာစရိယ)သည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့် (၂ - ၃ -၂၀၂၆) နေ့တွင် ပဲခူးမြို့ "ဗုဒ္ဓအသံဓမ္မဗိမာန်‌တော်"တွင် နိုင်ငံတော်အစိုးရကိုယ်စား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းအပ်သော ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်အပူဇော်ခံယူပြီး မိုးညိုမြို့သို့ ပြန်လည်ကြွချီလာခဲ့သည်။

ထိုသို့ပြန်လည်ကြွချီလာရာတွင် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရိတ်အသင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စတုပစ္စယ ဒါယကာ၊ ဒါယိကာမများ၊ မြို့မိမြို့ဖများက မိုးညိုမြို့အဝင်နေရာမှ သောင်းသောင်းဖြဖြ စည်ကားသိုက်မြိုက်စွာ ကြိုဆိုပင့်ဆောင်၍ မြို့ပေါ် (၅) ရပ်ကွက်အတွင်းသို့ ပင့်ဆောင်အပူဇော်ခံပြီးနောက် ဓမ္မိကပရိယတ္တိစာသင်တိုက်သို့ စည်ကားသိုက်မြိုက်စွာ ကြိုဆိုပင့်‌ဆောင်ခဲ့ကြောင်း သိရသည်။

ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)