
ကော့သောင်း ၊ မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို မတ် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာက ဆရာတော်များ၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးအမှုဆောင်ဆရာတော်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်ဝောာ့ဖွင့်လှစ်၍ ရွှေပြည်သာကျောင်းတိုက်မှ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တအရှင်ပါမောက္ခက ဩဝါဒမြွက်ကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လျှောက်ထားတင်ပြသည်။ ယင်းနောက် ခရိုင်သာသနာရေးမှူး ဦးကျော်ဦးက အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ လျှောက်ထားတင်ပြပြီး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအပေါ် ကြွရောက်လာကြသော ဆရာတော်ကြီးများမှလိုအပ်သည်များ ဖြည့်စွတ်မှာကြားခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အခြေပြုမူလတန်း (၅၈) ပါး၊ ပထမငယ်တန်း (၂၆) ပါး၊ ပထမလတ်တန်း (၁၃) ပါး၊ ပထမကြီးတန်း (၁၁) ပါး စုစုပေါင်း (၁၀၈) ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment