ရန်ကုန်မြိုပတ်ရထားလမ်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြိုပတ်ရထားလမ်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ













ရန်ကုန်၊ မတ် ၂၅ 

ရန်ကုန်မြိုပတ်ရထားကို ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် မြိုပတ်ရထား စတင်ပြေးဆွဲသည့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၅ ရက် နံနက် ၇ နာရီမှာ ရန်ကုန်ဘူတာကြီး၊ အမှတ် ၁ စင်္ကြံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားကို ဒုဝန်ကြီးနှင့် မြန်မာ့မီးရထားတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရန်ကုန်မြို့ပတ်လမ်းတွင် အသုံးပြုမည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အမွှေးနံ့သာရေများဖြင့် ပတ်ဖြန်းပေးကြသည်။

ဆက်လက်၍ ပို့/ဆက် ဒုဝန်ကြီးက မြို့ပတ်ရထား လိုက်ပါစီးနင်းကြသည့် ခရီးသည် မိဘပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

စတင်ပြေးဆွဲသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု မြိုပတ်ရထားတွင် လူစီးတွဲ  ၄ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်ပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်း၌  ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုသည့်အတွက် ဒီဇယ်စက် ခေါင်းအသုံးပြုမှုနှင့် နှိင်းယှဉ်ပါက တစ်ရက်လျှင်  ကျပ် ၆ သိန်းကျော်ခန့် ကုန်ကျစရိတ် သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)