မတ်- ၄
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကမ္ဘာ့စံချိန်တင် ရွှေဈေး တစ်အောင်စကို ကန်ဒေါ်လာ ၅၆၀၀ နီးပါးကနေ ပြန်လည်ကျဆင်းပြီးနောက် လတ်တလောဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် ပြန်လည်တက်လာကာ မနေ့က ညနေမှာ တစ်အောင်စကို ကန်ဒေါ်လာ ၅၃၀၀ နီးပါးနဲ့ ဈေးပိတ်ခဲ့ပါတယ်။
အမေရိကန် နဲ့ အစ္စရေးတို့ပေါင်းပြီး အီရန်ကို တိုက်ခိုက်တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲက ကြာမြင့်နိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးများ ဆက်လက်မြင့်တက်နေပြီး၊ နောက်ပိုင်းမှာ အီရန်ရဲ့ လက်တုံ့ပြန်မှု နဲ့ အခြားအာရပ်နိုင်ငံများကြား တိုက်ပွဲများ ဖြစ်လာနိုင်စရာရှိလို့ ရင်းနှီးမြုပ်နှံ သူတွေက ရွှေဘက်လှည့်ပြီး ဝယ်ယူစုဆောင်းမှုတွေ မြင့်လာတာပဲဖြစ်ပါတယ်။ အမေရိကန်မှာ ရွှေဈေးက တစ်အောင်စကို ၅၃၁၁. ၆၀ ဒေါ်လာဖြစ်နေပြီး ၁.၂ % တက်သွားပါတယ်။
အခြားသတ္တုတွေဖြစ်တဲ့ ငွေက ဇန်နဝါရီ ၃၀ တွင် အမြင့်ဆုံးအဆင့်သို့ရောက်ရှိပြီးနောက် ၅.၇ % မှ ၈၈.၄၆ ဒေါ်လာသို့ ကျဆင်းသွားပါတယ်။ ပလက်တီနမ် က ၂.၇ % ဒေါ်လာ၂၃၀၀.၅၀ သို့ ကျဆင်းသွားခဲ့ပြီး ပလာဒီယံ က ၀.၉ % ဒေါ်လာ ၁၇၇၀.၆၆ သို့ ကျဆင်းသွားပါတယ်။
REF: The Nation
#News #MNP

No comments:
Post a Comment