တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးပေးအပ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးပေးအပ်မည်





နေပြည်တော်၊ မတ် ၂

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘောသဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာဖြင့် သက်စွန့်တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျှောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားမည်ဖြစ်သည်။ 

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် (၁၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၁၀) နှစ်နှင့်အထက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ်(၃၀၀၀၀) ကျပ်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် (၁၅)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက်(၁၅)နှစ်နှင့်အထက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ်(၅၀၀၀၀)ကျပ်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် (၂၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၂၀)နှစ် နှင့်အထက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ်(၁၀၀၀၀၀) ကျပ်ကို တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ ထိုသို့ လစဉ်တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်ခြင်းသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)