တက္ကဆက်မှာ ဖြစ်ခဲ့တဲ့ လူအုပ်ထဲကို သေနတ်နဲ့ ပစ်တဲ့အမှုက အီရန်ကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ မီဒီယာတွေကဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တက္ကဆက်မှာ ဖြစ်ခဲ့တဲ့ လူအုပ်ထဲကို သေနတ်နဲ့ ပစ်တဲ့အမှုက အီရန်ကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ မီဒီယာတွေကဆို


မတ်လ - ၂ ( တနင်္လာနေ့ ) 

တက္ကဆက်တွင် လူနှစ်ဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့တဲ့ အမှုက အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် ကို သတ်ဖြတ်ပြီး အရပ်သားအများအပြား သေဆုံးစေခဲ့တဲ့ အမေရိကန်ရဲ့ လေကြောင်း  တိုက်ခိုက်မှုများကြောင့် သေနတ်သမားကို လှုံ့ဆော်ခံရဖွယ်ရှိကြောင်း အမေရိကန်မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

တနင်္ဂနွေနေ့ နံနက် ၂ နာရီ မတိုင်မီ တက္ကဆက်တက္ကသိုလ်အနီး ဩစတင်ရပ်ကွက် ရှိ စည်ကားတဲ့ ညအပန်းဖြေနေရာမှာ  ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် အန်ဒီယာဂါ ဒီယာဂနေး လို့ အမည်ရတဲ့ သံသယရှိသူက ဘူးဖို့ဒ် အနောက်ကွင်း ဘီယာဥယျာဉ် အပြင်ဘက်မှာ သေနတ်နဲ့ ပစ်ခတ်မှုတစ်ခုကို လုပ်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဆီနီဂေါလူမျိုး အမေရိကန် နိုင်ငံသားသည် ကွင်းအပြင်ဘက်တွင် စုဝေးနေသော လူများကို သူ့ရဲ့ ကားပေါ်ကနေ ပစ္စတိုတစ်လက် နဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့တယ်လို့ ဩစတင်ရဲချုပ် က ပြောပါတယ်။ အဲ့ဒိနောက် တိုက်ခိုက်သူသည် ရိုင်ဖယ်သေနတ်တစ်လက် ကို ထုတ်ပြီး ကားထဲကနေထွက်ကာ လမ်သွားလမ်းလာတွေကို ပစ်ခတ်ဖို့လုပ်နေစဉ်မှာပဲ နယ်မြေခံ တာဝန်ကျရဲတွေက ဝိုင်ပစ်လို့ နေရာမှာတင်ပဲ သေဆုံးသွားခဲ့ပါတယ်။ 

အာဏာပိုင်များက ထုတ်ပြန်တဲ့ ဓာတ်ပုံများတွင် သံသယရှိသူက ရိုင်ဖယ်ကိုင်ဆောင်ကာ “အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှု” ဟူသော စာသားပါ အင်္ကျီကို ၀တ်ဆင်ထားတာကို တွေ့ရပါတယ်။ AP နှင့် Fox News သတင်းရင်းမြစ်များရဲ့ အဆိုအရ သူသည် အီရန်အလံပါ အဝတ်အစားများကို ၀တ်ဆင်ထားတယ်လို့ သိရပါတယ်။ 

စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်တစ်ခုက အဆိုပါ အကြမ်းဖက်မှုသည် အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုအား လက်စားချေမှုတစ်ခု ဖြစ်နိုင်တယ်လို့ နယူယောက်ခ်ပို့စ် သတင်းဌာနက ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)