အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အမေရိကန် ၂၀၀ ကျော်သေဆုံးတယ်လို့ အီရန်ဘက်က ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အမေရိကန် ၂၀၀ ကျော်သေဆုံးတယ်လို့ အီရန်ဘက်က ထုတ်ပြန်


မတ် - ၂ ( တနင်္လာနေ့ ) 

အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုများတွင် အမေရိကန် အသေအပျောက် ၂၀၀ ကျော် ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်ရဲ့ ကျောထောက်နောက်ခံဖြင့် အစ္စရေးက အီရန်စစ်တပ်နှင့် နျူကလီးယားဆက်စပ်ပစ်မှတ်များကို စနေနေ့အစောပိုင်းတွင် ကြိုတင်ကာကွယ်တဲ့ စစ်ဆင်ရေး အမည်နဲ့  အီရန်မှာရှိတဲ့သတ်မှတ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးက အဆိုပါတိုက်ခိုက်မှုသည် ဒေသတွင်း အစ္စလာမ္မစ်သမ္မတနိုင်ငံမှ ခြိမ်းခြောက်မှုများ ကို ချေမှုန်းရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးရဲ့ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုကို အိမ်ဖြူတော်က ထောက်ခံကြောင်း အတည်ပြုခဲ့ပြီး နျူသံတမန်ရေးရာဆွေးနွေးပွဲ ပျက်ကွက်မှုက အီရန်ကို တိုက်ခိုက်ဖို့ တိုက်ရိုက် အစပျိုးလိုက်တာပဲလို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

“အမေရိကန်အခြေစိုက်စခန်းတွေကို ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး အမေရိကန်စစ်တပ်ဝန်ထမ်း ၂၀၀ သေဆုံးပြီး ဒဏ်ရာရခဲ့ပါတယ်” လို့ IRGC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တက်စ်နင်မ်  သတင်းဌာနက စနေနေ့တွင် ဖော်ပြခဲ့ပါတယ်။

IRGC မှ ဗိုလ်ချုပ်ကြီး အီဘရာဟင်ဂျက်ဘာရီ က အီရန်နိုင်ငံသည် “အဆင့်မြင့်သော စွမ်းဆောင်ရည်များ” ရှိပြီး ရေရှည်ပဋိပက္ခအတွက် အသင့်ဖြစ်နေပြီ လို့ ထရမ့်ကို သတိပေးလိုက်ပါတယ်။ "စစ်ပွဲအစမှာ ကျွန်တော်တို့ သိုလှောင်ထားတဲ့ အရာအားလုံးနဲ့ တိုက်မယ်။ နောက်ပိုင်းမှာ အားအပြင်းဆုံး ဒုံးကျည်တွေကို ပစ်လွှတ်ဖို့ ပြင်ဆင်ထားပါတယ်” လို့ ဂျက်ဘာရီ ပြောပါတယ်။ 

 “ကျနော်တို့ အခုအချိန်အထိ အကုန်ထုတ်မပြသေးတာက အီရန်နိုင်ငံသားတွေ ပြောသလိုပဲ ငါတို့ 'ဆားရည်အိုင် ထဲမှာ အနားယူနေတယ်' ဆိုတာမျိုးပါပဲ။ လာမယ့်ရက်တွေမှာ ထုတ်ဖော်ပြမှာပါ” လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

အီရန်ရဲ့ လက်တုံ့ပြန်မှုက ဘာရိန်းနိုင်ငံရှိ အမေရိကန် ပဉ္စမရေတပ် ထောက်ပံ့ရေးစင်တာ၊ အီရတ်နိုင်ငံရှိ ကာဒစ်စတန်အခြေစိုက်စခန်း၊ ကာတာနိုင်ငံ ရှိ အယ်လ်အူဒိုင်း လေတပ်စခန်း၊ ကူဝိတ်နိုင်ငံ ရှိ အလီအယ်လ် ဆာလမ် လေတပ်စခန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ရှိ အယ်လ်ဒါဖရာ  လေတပ်စခန်း၊ မူဝတ်ဖက် အယ်လ် ဆော်တီ လေတပ်စခန်းတို့ အပါအဝင် အရှေ့အလယ်ပိုင်းက နိုင်ငံတော်တာ်များများက အမေရိကန်စစ်စခန်းတွေကို  အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည် ၃၅ စင်းခန့် ပစ်လွှတ်ခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးသတင်းများတွင် ဖော်ပြပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)