အာဖဂန်က အိန္ဒိယရဲ့ ကိုလိုနီဖြစ်နေပြီလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဖဂန်က အိန္ဒိယရဲ့ ကိုလိုနီဖြစ်နေပြီလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြော



မတ်- ၂ ( တနင်္လာနေ့ ) 

အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရ က နိုင်ငံအား အိန္ဒိယရဲ့ကိုလိုနီအဖြစ် ပြောင်းလဲလိုက်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ် ကပြောလိုက်ပါတယ်။ သူက အာဖဂန်နဲ့ တိုက်ပွဲတွေ ဖြစ်ပြီးနောက်မှာ အခုလိုမျိုး ပြောလိုက်တာပဲ ဖြစ်ပါတယ်။ 

အာဖဂန်ကမြို့တွေကို ပါကစ္စတန်က ဗုံးကျဲတိုက်ခိုက်မှုတွေကို လုပ်ပြီးနောက် သောကြာနေ့က ဝန်ကြီးရဲ့ အိတ်စ်မီဒီယာ ပို့မှာရေးတင်ခဲ့တာပါ။ သူ့က အဲ့ဒိနေမှာပဲ ကာကွယ်ရေးတန်ကြီးရာထူးကို လက်ခံခဲ့တာပါ။ “နေတိုးတပ်တွေ ရုပ်သိမ်းပြီးရင် အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေးရှိလာမယ်၊ တာလီဘန်တွေက အာဖဂန် ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို အာရုံစိုက်လာမယ်လို့ မျှော်လင့်ထားပါတယ်။  ဒါပေမယ့် တာလီဘန်တွေက အာဖဂန်နစ္စတန်ကို အိန္ဒိယရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ပြောင်းလဲလိုက်ပါတယ်။ သူတို့ဟာ အာဖဂန်နစ္စတန်မှာ ကမ္ဘာပေါ်က အကြမ်းဖက်သမားအားလုံးကို စုစည်းပြီး အကြမ်းဖက်ဝါဒကို ဖြန့်ကြက်ခဲ့ပါတယ်” လို့ အာဆစ်ဖ် က ရေးတင်ခဲ့ပါတယ်။ 

"ပါကစ္စတန်က အခြေအနေတွေကို တိုက်ရိုက်နည်းလမ်းနဲ့ မိတ်ဆွေနိုင်ငံတွေကနေတဆင့် ပုံမှန်ဖြစ်အောင် ကြိုးပမ်းခဲ့ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ သံတမန်ရေးအရ ပါဝင်နေပါတယ်။ ဒါပေမယ့် တာလီဘန်တွေက အိန္ဒိယအတွက် ကြားခံဖြစ်လာခဲ့တယ်" လို့  ၎င်းက စွပ်စွဲခဲ့ပါတယ်။ “ကျနော်တို့ရဲ့ သည်းခံခြင်းခွက်ဟာ ပြည့်လျှံသွားပါပြီ။ အခုက ကျနော်တို့ နဲ့ အာဖဂန်ကြားမှာ စစ်ပွဲကြီး ဖြစ်နေတယ်” လို့ ပြောပါတယ်။ 

အိန္ဒိယဘက်ကတော့ အာဆစ်ဖ်ရဲ့ စွပ်စွဲချက်များအတွက် တုံ့ပြန်ခြင်းမရှိသေးပါဘူး ။ ပါကစ္စတန်နဲ့ အာဖဂန်ကြားက စစ်မီးကို အိန္ဒိယက ရှို့တာလို့ စွပ်စွဲထားပေမဲ့ အိန္ဒိဘဘက် မဟုတ်ဘူး လို့ အကြိမ်ကြိမ် ငြင်းထားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)