ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

 

Uploading: 2437009 of 2437009 bytes uploaded.

ပန်းတောင်း   ၊ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား ပန်းတောင်းတပ်နယ်ရှိ ကာကွယ်ရေးပစ္စည်းထုန်လုပ်မှုတပ်ဖွဲ့ မိသားစုများနှင့် မြို့နယ်သူ၊ မြို့နယ်သားများမှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ညနေ ၅ နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ငါးမျက်နှာစေတီတော်မြတ်ကြီး သြဝါဒစရိယ မြို့နယ်သံဃနာယက ငါးမျက်နှာဘုရားကြီးကျောင်းတိုက် ဆရာ​​တော်ထံမှ ဧည့်ပရိတ်သတ်များက ငါးသီလခံယူဆောက်တည်ခြင်းနှင့် ဆရာတော်ထံ နဝကမ္မအလှူငွေများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ပန်းတောင်းတပ်နယ်မှူးဗိုလ်မှူးချုပ်ဇော်ထွန်းဦးမှ နေရောင်ခြည်စွမ်းအင်ဆိုလာ မီးတပ်ဆင်လှူဒါန်းရသည့်ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတပ်ဆင်လှူဒါန်းခြင်းဆိုင်ရာ စာရွက်စာတမ်းများအား အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံမှူး ဗိုလ်မှူးချုပ်လှိုင်တင့်မှ ဂေါပကအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့သည်။ထို့နောက် ငါးမျက်နှာဘုရားကြီးကျောင်းတိုက် ဆရာ​​တော်မှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အလှူရှင်များ အမည်ကမ္ဗည်းအား ဆရာတော်မှ စတင်၍ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ စက်ရုံမှူးများနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှအမွှေးနံသာရည်များပက်ဖြန်းခဲ့ကြသည်။၎င်းနောက် ငါးမျက်နှာဘုရားကြီးကျောင်းတိုက် ဆရာ​​တော်မှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဓနာတရားချီးမြှင့်ခြင်းနှင့် အလှူတော်အား ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံဒိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)