စဉ့်ကူးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


စဉ့်ကူး၊ မတ် ၃

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စဉ့်ကူးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများက ဆောလျင်စွာ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၂၁ ရက်က 33/0.4 KV 315 KVA ထရန်စဖော်မာတစ်လုံးအား ယာယီတပ်ဆင်ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ၊ ဆေးရုံနှင့် စာသင်ကျောင်းများကို ကနဦးဓာတ်အားပေးနိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် 33/11 KV 10 MVA ကွက်သစ်-၂ ပင်မဓာတ်အားခွဲရုံကိုပြုပြင်၍ စဉ့်ကူးမြို့နှင့်ပတ်၀န်းကျင်ကျေးရွာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မတ် ၂ ရက်အထိ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများပြုပြင်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ မကြာမီကာလအတွင်း ဓာတ်အားသုံးစွဲသူမိဘပြည်သူများထံ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင် 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)