နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များပေးဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များပေးဝေ



နောင်ချို၊ မတ်  ၁၂

၂၀၂၆ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင်ကျင်းပလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့် မြန်မာစာဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ ၂၈၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုပြီးစီးချိန်၌ ကျောင်းသား၊ကျောင်းသူများအား စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသည့်အနေဖြင့် အချိုရည်နှင့်မုန့်များကို အလှူရှင်များက ပေးဝေခဲ့ကြသည်။ ပထမနေ့အလှူရှင်အဖြစ် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာကွပ်ကဲမှုအဖွဲ့ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်မင်းသိန်းမှ လှူဒါန်းပေးခြင်းဖြစ်ကာ ဆက်လက်ဖြေဆိုမည့် ဘာသာရပ်များအလိုက် နေ့ရက်များတွင်လည်း အလှူရှင်များက လှူဒါန်းပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)