မတ် - ၁၂ ( ကြာသပတေးနေ့ )
အမေရိကန်-အစ္စရေးက အီရန်ကိုတိုက်ခိုက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်များတလျှောက် တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းလုံးများ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ အီရန်က အီရတ်ကမ်းလွန်က အိုမန်ရှိ ဆိပ်ကမ်းတစ်ခုနှင့်အတူ ရေနံတင်သင်္ဘောအများအပြား ကို ဒုံးတွေ ဒရုန်းတွေ သုံးပြီး ပစ်ခတ်တိုက်ခိုက်လို့ မီးလောင်ကျွမ်းခဲ့ရပါတယ်။
ဒီကနေ့ အစောပိုင်းမှာပဲ အီရတ်နိုင်ငံ အွမ်ကဆာရာဆိပ်ကမ်း တိုက်ခိုက်မှုတွင် အနည်းဆုံး ရေနံတင်သင်္ဘော နှစ်စင်း ထိသွားပြီး အိုမန်နိုင်ငံရှိ ဆာလာလာ ဆိပ်ကမ်းမှာလည်း ရေနံတင်သင်္ဘောတွေ တစ်ညလုံး မီးလောင်နေပါတယ်။ ဆော်ဒီအာရေဗျ နဲ့ ဘာရိန်းတို့ကလည်း အီရန်က ၎င်းတို့ရဲ့ ရေနံစက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။ အိုမန်က အီရန်ရဲ့တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ဖို့ မီနာအယ်လ်ဖာဟယ်မှာရှိတဲ့ ရေနံတင်သင်္ဘောတွေကို ရွှေ့ပြောင်းနေရပါတယ်။
အမေရိကန်ကတော့ ဈေးကွက်များကို ငြိမ်သက်စေရန် ကြိုးပမ်းနေပေမဲ့ ရေနံစိမ်းဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်နေပါတယ်။ လာမည့်ရက်သတ္တပတ်မှစတင်ပြီး မဟာဗျူဟာမြောက် အရန်သိုလှောင်မှုမှ ရေနံစည်ပေါင်း ၁၇၂ သန်းကိုထုတ်ရောင်းပေးမယ်လို့ အမေရိကန်က ကတိပြုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကိုဖျက်ဆီးပစ်ဖို့က အစောတလျင်လုပ်စရာ မလိုသေးကြောင်း နဲ့ အလုပ်ကို ပြီးမြောက်အောင်လုပ်မှာဖြစ်ကြောင်း ပြောထားပါတယ်။ အီရန်ဘက်ကတော့ အရှေ့အလယ်ပိုင်းက ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်လာပြီဖြစ်ကြောင်း နဲ့ အမေရိကန်တွေကို လက်တုံ့ပြန်တိုက်ခိုက်လာပြီ ဖြစ်ကြောင်း ပြောထားပါတယ်။
အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုများအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေး စစ်တပ် က လက်ဘနွန်ကို ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ လုပ်နေပါတယ်။ ဘေရွတ်မြို့ကမ်းခြေတစ်ခုရှိ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးရဲ့ နောက်ဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စုစုပေါင်းသေဆုံးသူဦးရေမှာ လွန်ခဲ့သည့်ဆယ်ရက်အတွင်း အနည်းဆုံး ၆၃၄ ဦးအထိ ရှိလာခဲ့ပါတယ်။
ကလေး ၁၆၈ ဦး သေဆုံးခဲ့တဲ့ အီရန် မူလတန်းကျောင်းတစ်ကျောင်း တိုက်ခိုက်မှုက အမေရိကန်လုပ် တိုမာဟောက်ခရုဇ် ဒုံးကျည်ဖြစ်ပြီး ပင်တဂွန်၏ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွင် “လူသားအမှား” နဲ့ အေအိုင်ရဲ့ မြေပုံပါ အချက်အလက်ကြောင့် လို့တွေ့ရှိခဲ့ပါတယ်။
အီရန်တွင် အရပ်သား ၁,၃၄၈ ဦး သေဆုံးပြီး ၁၇,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို တီဟီရန်မြို့အနီးရှိ ရေနံစက်ရုံများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိပ်သင့်ဆီနှင့် မီးခိုးမဲများထွက်ရှိခဲ့ပြီး နေထိုင်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်နေပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment