မတ် - ၁၇ ( အင်္ဂါနေ့ )
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက အရှေ့အလယ်ပိုင်းက အမေရိကန် နှင့် အီရန်စစ်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။ ဒေသတွင်း လုံခြုံရေး အခြေအနေ ပိုဆိုးလာနေတာကို ကိုးကားပြီး အီတလီက အီရတ်ရှိ စစ်အခြေစိုက်စခန်းတွေကနေ တပ်ဖွဲ့ဝင်တချို့ကို ရုပ်သိမ်းလိုက်ပါတယ်။
အီတလီအစိုးရသည် သံတမန်ရေးအရ၊ တည်ငြိမ်မှုနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများတွင် အရှိန်လျှော့ရေးကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ စစ်ပွဲတွင် ပါဝင်ရန် ငြင်းဆိုထားပေမဲ့ အီတလီနိုင်ငံအနေနဲ့ အီရန်ရဲ့ တိုက်ခိုက်မှု ဒဏ်ခံနေရတဲ့ ဒေသတွင်းနိုင်ငံများအား ခုခံကာကွယ်မှု ဆက်လက်ပံ့ပိုးပေးမယ်လို့ သိရပါတယ်။
လက်ရှိဖြစ်နေတဲ့ ပဋိပက္ခက ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးသော နိုင်ငံတကာ အကျပ်အတည်းဖြစ်ပြီး အဲ့ဒိစစ်ပွဲ ကြီးထွားလာမှုက နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု ပြိုကွဲမှုကို ထင်ဟပ်စေကြောင်း သူမက သတိပေးခဲ့ပါတယ်။ မယ်လိုနီရဲ့ မှတ်ချက်များက လက်ရှိစစ်ပွဲကနေ နှုတ်ထွက်တဲ့ ဥရောပအစိုးရရဲ့ အရှင်းလင်းဆုံးသော ကြေညာချက်များထဲမှ တစ်ခုဖြစ်ပါတယ်။
REF : The Nation
#News #MNP


No comments:
Post a Comment