မတ်- ၁၂ ( ကြာသပတေးနေ့ )
စပိန်က အစ္စရေးနိုင်ငံမှ သံတမန်အား အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး သံတမန်ဆက်ဆံရေး အဆင့်ကို လျှော့ချလိုက် ပါတယ်။ မက်ဒရစ်နှင့် အနောက်ဂျေရုဆလင်တို့ကြား ကာလကြာရှည် တင်းမာနေတဲ့ ဆက်ဆံရေးက အီရန်နှင့် အမေရိကန်-အစ္စရေးစစ်ပွဲမှာတော့ ပိုမိုဆိုးဝါလာပြီး သံတမန်တွေ ရုပ်သိမ်းရတဲ့အထိ ဖြစ်ပွားလာပါပြီ။
စပိန်က အစ္စရေး - အမေရိကန်ရဲ့ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချနေတဲ့ တစ်ခုတည်းသော အနောက်နိုင်ငံဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ် သူရဲ့နိုင်ငံက “တစ်စုံတစ်ဦးထံမှ လက်စားချေခြင်းကို ကြောက်ရွံ့ခြင်းကြောင့် ကမ္ဘာကြီးအတွက် ဆိုးရွားသောအရာတစ်ခုတွင် ပါဝင်မှာမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ရာထူးကို ရပ်စဲရန် ဆုံးဖြတ်ချက်ကို အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာဖို့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျိူးဆေး မန်နျူရယ်လ်ဘာရီစ် က အဆိုပြုခဲ့တာကို ဝန်ကြီးများကောင်စီက ကျောထောက်နောက်ခံပြုခဲ့ပါတယ်။
ယခု သံတမန်ဟောင်း အန်နာမာရီယာဆယ်လိုမွန်ပီရက်ဇ် ကို ဂါဇာရှိ ဟားမတ်စ်ကို နှိမ်နင်းရန်အတွက် အစ္စရေးသို့ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေက လက်နက်များ သယ်ဆောင်လာတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေကို တားမြစ်ပိတ်ပင်ရန် စပိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် စပိန်သို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အစ္စရေးက အဆိုပါတားမြစ်ချက်ကို “ဂျူးဆန့်ကျင်ရေး” အဖြစ် ရှုတ်ချခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment